ထန်တလန်မြို့နယ်ဝန်းကျင်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

//s9.kh1.co/5b/5b893ff919109e5bc96942d2d8d9382118ce251c.jpg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ထွက်ပြေးတိမ်းရှောင်နေရသူ (၅၅၀၀) နီးပါး ရှိလာပြီး

စက်တင်ဘာ ၁၈ ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ CDFနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရသူ (၅၅၀၀) နီးပါး ရှိလာပြီး ၎င်းတို့ရဲ့ နေထိုင်၊ စားသောက်ရေးများ အခက်အခဲများရှိနေပါတယ်။

Photo Credit : Thantlang Placement Affairs Committee-IDPs help (TPAC)
Photo Credit : Thantlang Placement Affairs Committee-IDPs help (TPAC)

စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်ရာတွင် ချင်းလက်နက်ကိုင်အဖွဲ့များက ရှေ့ရောက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံစစ်စတင်ကြောင်း ကြေညာပြီးနောက်တွင်လည်း တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Thantlang Placement Affairs Committee-IDPs help (TPAC)
Photo Credit : Thantlang Placement Affairs Committee-IDPs help (TPAC)

 “ထန်တလန်မြို့မှာ တစ်မြို့လုံးနီးပါး ပြေးတာဆိုတော့ မြို့ပေါ် လူမကျန်တော့သလောက် ဖြစ်သွားပြီ။ အခုတော့ လူ ၂၈ ဦးပဲ ကျန်တော့တယ်။ တချို့ သက်ကြီးရွယ်အိုတွေပဲတော့ အိမ်မွေးတိရစ္ဆာန်တွေကို စောင့်ကြည့်ရမယ်ဆိုပြီး  အိမ်စောင့်အဖြစ်ကျန်ရစ်ခဲ့ရတယ်။ ကျန်ရှိနေသောလူတွေကတော့ မြို့အဝင် မိဘမဲ့ဂေဟာက မိဘမဲ့ကလေးတွေနဲ့ မြို့ပေါ်မှာနေတဲ့ မိသားစု ၄ စုလောက်ပဲ ရှိတော့ကြောင်း” ဒေသခံတစ်ဦးက ပြောပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

တိုက်ပွဲမှာ လက်နက်မမျှဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါသုံးပြီး ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေက စားနပ်ရိက္ခာနှင့် ကျန်းမာရေးအတွက် လိုအပ်ချက်များရှိတယ်နေပါတယ်။ 

Photo Credit : Thantlang Placement Affairs Committee-IDPs help (TPAC)
Photo Credit : Thantlang Placement Affairs Committee-IDPs help (TPAC)

“တိမ်းရှောင်သွားရတဲ့သူတွေက အလောတကြီးပြေးခဲ့ရတာ။ အများစုက တစ်ပတ်စာခန့် စားသောက်ရန်ရိက္ခာပဲ ပါလာတာ။ စစ်ဘေးလာရှောင်ရတာက တစ်လတောင်မပြည့်သေးဘူး အဲ့ဒါတောင်မှ စားနပ်ရိက္ခာပိုင်းမှာ တော်တော်လေး ဒုက္ခရောက်နေရပြီ။ အချိန်တော်တော်ကြာကြာ နေရပ်ဒေသကို မပြန်ဘူးဆိုရင် စားနပ်ရိက္ခာနှင့် ကျန်းမာရေးအတွက် လိုအပ်ချက်ပိုမိုများပြားလာနိုင်တယ်" လို့ Thantlang Placement Affairs Committee-IDPs help (TPAC) အဖွဲ့မှသိရပါတယ်။

Photo Credit : Thantlang Placement Affairs Committee-IDPs help (TPAC)
Photo Credit : Thantlang Placement Affairs Committee-IDPs help (TPAC)
Photo Credit : Thantlang Placement Affairs Committee-IDPs help (TPAC)
Photo Credit : Thantlang Placement Affairs Committee-IDPs help (TPAC)

Source : Thantlang Placement Affairs Committee-IDPs help (TPAC)

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T