ရောဂါကာကွယ်ဖို့ Mask တပ်ထားပေမယ့် စားသောက်ဆိုင်ထဲကနေ နှင်ထုတ်ခံလိုက်ရတဲ့ စုံတွဲရဲ့အဖြစ်

//s9.kh1.co/a9/a900c23d0d35d83b34424053c5a828070335dc0a.png
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

အမေရိကန်နိုင်ငံ Texas ပြည်နယ်ကစုံတွဲတစ်တွဲဟာ သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး စားသောက်ပွဲ ကျင်းပဖို့ စားသောက်ဆိုင်တစ်ခုကိုသွားခဲ့ပေမယ့် စားသောက်ဆိုင်ပိုင်ရှင်ဟာ သူတို့နှစ်ယောက်ကို Mask တပ်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆိုင်အပြင်ကိုနှင်ထုတ်ခဲ့ပါတယ်။ Texas ပြည်နယ်ဟာ ရီပါဘလစ်ကန်ပါတီကိုထောက်ခံတဲ့ပြည်နယ်ဖြစ်ပြီး မြို့နေလူထုအများစုဟာ လက်ရှိသမ္မတကို သဘောမတွေ့တာကြောင့် အစိုးရကစီစဉ်ပေးတဲ့ ကာကွယ်ဆေးကိုလည်း မထိုးနှံကြပါဘူး။ ဒါကြောင့်လည်း Covid 19 နဲ့ သေဆုံးမှုတွေရှိခဲ့ကြပါတယ်။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

ဘယ်လိုပဲသေဆုံးမှုတွေရှိနေကြပေမယ့် Texas ပြည်သူတွေဟာ Mask ကို လုံးဝမဝတ်ဆင်ကြဘဲ ဝတ်ဆင်တဲ့သူကိုလည်း ရောဂါရှိနေသူလိုသတ်မှတ်ပြီး လှောင်ပြောင်မှုတွေရှိခဲ့ကြပါတယ်။ ကာကွယ်ဆေးထိုးသူမရှိတာကြောင့် အစိုးရအနေနဲ့ ကာကွယ်ဆေးထိုးရင် တစ်ယောက်ကို ဒေါ်လာ (၅၀) ပြန်လည်ပေးအပ်တဲ့အစီအစဉ်တောင်လုပ်ခဲ့ရပါတယ်။ စားသောက်ဆိုင်ထဲက မောင်းထုတ်ခံရတဲ့ Jose Lopez-Guerrero နဲ့ Natalie Wester တို့ ဇနီးမောင်နှံမှာ လေးလသားအရွယ် ကလေးတစ်ယောက်ရှိပြီး ကလေးဆီကိုရောဂါကူးစက်မှုမဖြစ်ပွားရအောင် Mask တပ်ထားကြတာပဲဖြစ်ပါတယ်။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

ကိုယ့်သားသမီးအတွက်လိုအပ်တဲ့ကာကွယ်မှုတွေလုပ်ခဲ့ပေမယ့် လူအများကြားမှာ အခုလို မောင်းထုတ်ခံရတဲ့ ရှက်စရာအဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့တာ စိတ်မကောင်းစရာပါ။ သူတို့သွားရောက် ခဲ့တဲ့ Hang Time Sports Grill & Bar ဟာ Mask မတပ်ရဘူးဆိုတဲ့ စည်းကမ်းချက်ထုတ်ထား တာလည်းဖြစ်ပါတယ်။ ဒီအကြောင်းအရာကို CNN သတင်းဌာက ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

Photo Credit - CNN's FB Acc
Photo Credit - CNN's FB Acc

သတင်း အရင်းအမြစ်CNN's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T