အချိန်(၃)ရက်ကြာအောင် စဥ်းစားပြီးမှ သီတဂူဆရာတော်ဘုရားကြီးရဲ့ဇာတာကို တွက်ချက်လှူဒါန်းပြီး ဟောစာတမ်းထုတ်လိုက်တဲ့ ဆရာမတစ်ဦး

//s9.kh1.co/45/456108b55f6b86d46f6b61224e369ad1fb9af3c8.jpg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အချိန်(၃)ရက်ကြာအောင် စဥ်းစားပြီးမှ သီတဂူဆရာတော်ဘုရားကြီးရဲ့ဇာတာကို တွက်ချက်လှူဒါန်းပြီး ဟောစာတမ်းထုတ်လိုက်တဲ့ ဆရာမတစ်ဦး

ဇာတာခွင်တွေကိုတွက်ချက်ပြီး အမှန်အတိုင်း ဟောကိန်းထုတ်လေ့ရှိတဲ့ ဆရာမတစ်ဦးက ယခုတစ်ခါမှာတော့ သီတဂူဆရာတော်ဘုရားကြီးရဲ့ဇာတာကို တွက်ချက်ခဲ့တာ ဖြစ်ပါတယ် ။ ဆရာမက အချိန်(၃)ရက်ကြာအောင် စဥ်းစားပြီးမှသာသီတဂူဆရာတော်ကြီးရဲ့မွေးနေ့ဇာတာကို တွက်ချက်ပြီး ဗေဒင်ပညာရပ်ဖြင့် လှူဒါန်းလိုက်တာ ဖြစ်ပါတယ် ။ ဆရာမအနေနဲ့ ဟောမိတဲ့အခါမှာ အဆဲခံရခြင်း၊ အဖမ်းခံရခြင်း ၊ အသတ်ခံရခြင်းစတဲ့ ဘေးအမျိုးမျိုးကို ကြုံနိုင်တယ်လို့ ခန့်မှန်းသိပေမယ့် အခုလို ဟောခဲ့ရတဲ့အကြောင်းရင်းကို ပြောပြခဲ့ပါသေးတယ်၊

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဆရာမက သက်ရှိသတ္တဝါတို့ရဲ့ကံတရားကြောင့် ကျရောက်နိုင်တဲ့ ဘေးအမျိုးမျိုးကနေ ဗေဒင်ပညာနဲ့ ကယ်တင်နိုင်ရေးအတွက် ရည်မှန်းပြီး လေ့လာသင်ယူနေသူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တွက်ထားပြီး ဇာတာခွင်ကို ကြောက်စိတ်ကြောင့် မဟောခဲ့ဘူးဆိုရင် ကိုယ့်ရဲ့ပညာနဲ့ ကျင့်စဉ်အပေါ်မှာသစ္စာဖောက်သလိုဖြစ်မှာကို မလိုလားတာကြောင့် ရတနာသုံးပါးကို အမှူးထားပြီး ကောင်းမြတ်တဲ့စိတ်စေတနာတို့ဖြင့် ဒီဟောစာတမ်းကို ရေးသားခဲ့တာဖြစ်တယ်လို့ ဆရာမကပြောပြထားတာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ဆရာမက သင်ယူလေ့လာခဲ့တဲ့ပညာရပ်တွေအပေါ် အခြေခံပြီး သူမအနေနဲ့ မြင်တွေ့ရတာတွေကို ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-"May Thingyan Hein-Myitmakha" FB Page

ဟောစာတမ်းကို ရေးသားပြောပြီးတဲ့အချိန်မှာတော့ ဆရာမက သီတဂူဆရာတော်ဘုရားကြီးအတွက် ယတြာနှစ်ခုကို လျှောက်ထားတင်ပြခဲ့တာ ဖြစ်ပါတယ် ။ ပထမယတြာအဖြစ် ဆရာမက "ဝိပဿနာတရားကို အချိန်ယူပြီး အားထုတ်ပေးတော်မူပါဘုရား။ ဓမ္ဓာနုပဿနာ ပွားရပါမယ် ဘုရား၊ ဆရာတော်ဘုရားအနေနဲ့ အပျက်တွေကို ရှု့ရမဲ့အချိန်ကာလက (၉) လတိတိပါဘုရား။ ရှုပွားနိုင်ခဲ့မယ်ဆိုရင်တော့ ဆရာတော်ဟာ တရားထူးလည်းရနိုင်တဲ့ နက္ခတ်အခါလည်း မိပါတယ် ဘုရား။" ဆိုပြီး လျှောက်ခဲ့တာ ဖြစ်ပါတယ် ။ ဒုတိယယတြာကတော့ ကယ်တင်ခြင်းကိုလုပ်ဆောင်ရမှာဖြစ်ကြောင်း၊ သက်တော် (၈၅)နှစ်အတွက် သက်ရှိသတ္တဝါ (၈၅၀၀) ကို ကယ်တင်ပေးရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့အကျဉ်းထောင် အသီးသီးမှာ အဖမ်းခံနေရသူပေါင်း (၈၄၀၀)ကျော်ရှိနေတဲ့အတွက် ဖမ်းထားတဲ့သောသူများကို လွတ်မြောက်ခွင့်ပေးသောနည်းလမ်းနဲ့ ယတြာချေပေးနိုင်ကြောင်း" စသည်ဖြင့် ဟောပြောတင်ပြထားတာ တွေ့ရပါတယ်။ သီတဂူဆရာတော်ဘုရားကြီးရဲ့ဇာတာကိုတွက်ချက်ပြီး ဗေဒင်ပညာရပ်ဖြင့် လှူဒါန်းပူဇော်လိုက်တဲ့ ဆရာမတစ်ဦးရဲ့ဟောပြောချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-"May Thingyan Hein-Myitmakha" FB Page

Photo Credit-"May Thingyan Hein-Myitmakha" FB Page
Photo Credit-"May Thingyan Hein-Myitmakha" FB Page
Photo Credit-"May Thingyan Hein-Myitmakha" FB Page
Photo Credit-"May Thingyan Hein-Myitmakha" FB Page
Photo Credit-"May Thingyan Hein-Myitmakha" FB Page
Photo Credit-"May Thingyan Hein-Myitmakha" FB Page
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T