လတ်တလော မြို့နယ်တချို့တွေမှာ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံ စီးပွားရေးတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေး Mytel တာဝါတိုင်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဖောက်ခွဲခြင်း ၊ မီးရှို့ဖျက်စီးတာတွေကို လုပ်ဆောင်လာတာကိုတွေ့မြင်ရပါတယ်။ စိတ်ဓာတ်ပြင်းပြတဲ့ PDF တွေကတော့ အာဏာရှင်စနစ် ကျဆုံးရေးအတွက် တော်လှန်နေကြတဲ့အပြင် ၎င်းတို့ပိုင်ဆိုင်တဲ့ စီးပွားရေးတွေကိုလည်း ရပ်တန့်သွားအောင် တစ်ပါတည်း လုပ်ဆောင်လာတာ ဖြစ်ပါတယ် ။
ဒီလို ဖောက်ခွဲဖျက်စီးတဲ့ ဗီဒီယိုဖိုင်များတွေလည်း လူမှုကွန်ယက်စာမျက်နှာတွေမှာ နေ့စဥ်ဆိုသလို ပျံ့နှံ့လာတာတွေ့ရပြီး ပျက်ဆီးမှုအများအပြားရှိလာနေပြီဖြစ်ပါတယ် ။ ဒီကနေ့မနက်ပိုင်းမှာဆိုရင်လည်း ကရင်နီပြည်နယ်အတွင်းမှာ MyTelတာဝါတိုင်အချို့ လဲကျပျက်ဆီးနေတာကိုတွေ့ရပါတယ်.....။
ကရင်နီပြည်နယ်ဟာ လက်ရှိမှာဆိုရင် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး နှစ်ဖက်လုံးလည်း အထိအခိုက်အကျအဆုံးများနေတာဖြစ်ပါတယ် ။ တိုက်ပွဲတွေကလည်း ဒေသအနှံ့မှာ ဆက်လက်ပြင်းထန်လာနိုင်နေပြီး ပြည်သူတွေအနေနဲ့လည်း သတိဝီရိယနဲ့နေထိုင်ကြပြီး ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားဖို့လိုပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Myanmarload