မီးလောင်တိုက်သွင်းခံခဲ့ရတဲ့ မိမိတို့ရဲ့နေရပ်ကနေ မြို့ခံပြည်သူအများအပြား စွန့်ခွါသွားကြတဲ့ ထန်တလန်မြို့ရဲ့လက်ရှိအခြေအနေ

//s9.kh1.co/c1/c119801067a8d670ee4cf2d3ad6a8b1ab1461e2b.jpeg
နေ့စဉ်သတင်းများ

 ၂၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မီးလောင်တိုက်သွင်းခံခဲ့ရတဲ့ မိမိတို့ရဲ့နေရပ်ကနေ မြို့ခံပြည်သူအများအပြား စွန့်ခွါသွားကြတဲ့ ထန်တလန်မြို့ရဲ့လက်ရှိအခြေအနေ

လက်ရှိပြည်တွင်းရေးအခြေအနေမငြိမ်သက်မှုကြောင့် တချို့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွါးနေပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ်၊ထန်တလန်မြို့ပေါ်တွင် လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် လူနေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ပါတယ်။အိုးအိမ်၊စည်းစိမ်တွေကိုဆုံးရှုံးခဲ့ရတဲ့ ထန်တလန်ဒေသခံတွေအတွက် ပြည်သူလူထုကအရမ်းစိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။

Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page

မီးငြှိမ်းသတ်ဖို့ကြိုးစားခဲ့တဲ့ သင်းအုပ်ဆရာတစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ ထန်တလန်မြို့မှာနေထိုင်တဲ့ ဒေသခံပြည်သူထောင်ချီခန့်လောက် မြို့ကိုစွန့်ခွါသွားကြပါတယ်။မိမိတို့ရဲ့ အသက်အန္တရာယ်လုံခြုံဖို့အတွက်တိုင်းရင်းသားပြည်သူတွေလည်း နေရပ်ကိုစွန့်ခွါပြီး ဘေးလွတ်ရာသို့ မိသားစုလိုက်ရှောင်တိမ်းကြတာပဲဖြစ်ပါတယ်။ပြည်သူတွေလည်း ဒီအခြေအနေမှာ တိုင်းရင်းသားတွေရဲ့ဆုံးရှုံးမှုအတွက် ကိုယ်ချင်းစာနေကြတာဖြစ်ပါတယ်။

Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page

ပြည်သူတွေ မြို့ကနေထွက်ခွါသွားပြီးနောက်မှာ ထန်တလန်မြို့ပေါ်တွင် ကိုဗစ်လူနာ (၂)ဦး အပါအဝင် ပြည်သူ(၂၈)ဦးသာကျန်နေခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ ထန်တလန်မြို့မှာနေထိုင်တဲ့ အိမ်ထောင်စု (၃)စု နဲ့တခြားဒေသခံအနည်းငယ်သာရှိတော့တာဖြစ်ပါတယ်။လူပေါင်းထောင်ချီကတော့ မလုံမခြုံနေထိုင်ရတဲ့နေရပ်ကို အထုတ်ကိုယ်စီဆွဲပြီး စွန့်ခွါနေကြတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page
Photo Credit:Chin World’s Fb page

Source&Photo Credit:Chin World’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T