မိုးမလုံတဲ့အကာလေးတွေကိုအမှီပြုပြီး ဖြစ်သလိုအိပ်ရပေမယ့် အားမလျော့ဘဲ တိုက်ပွဲဝင်နေကြတဲ့ PDF လူငယ်လေးတွေ

//s9.kh1.co/f8/f8fc19f423ecd1f6b2f47717537016c885262d63.png
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

PDF လူငယ်လေးတွေရဲ့ဘဝဟာ ထင်ထားတာထက်ပိုပြီးခက်ခဲကြမ်းတမ်းလွန်းပါတယ်။ လွယ်လွယ်ကူကူ လျောက်လှမ်းခဲ့ရတဲ့လမ်းမဟုတ်လို့ သူတို့အနေနဲ့လည်း နောက်ပြန်ဆုတ်ဖို့ မလွယ်ကူသလို ပြန်လှည့်ဖို့လည်း လုံးဝမစဉ်းစားခဲ့ဘူးဆိုတာ လူမှုကွန်ယက်မှာဝေမျှနေတဲ့ သူတို့ရဲ့ခံယူချက်စာသားတွေကို ကြည့်ရင်သိနိုင်ပါတယ်။ ပြည်သူတွေဟာလည်း PDF လူငယ်လေးတွေကိုရတဲ့နည်းနဲ့ထောက်ပံ့ပေးနေ ကြပြီး တော်လှန်ရေးအတွက် အားသွန်ခွန်စိုက် ကူညီပေးနေကြတာလည်း အားလုံးအသိပါပဲ။

Photo Credit - Htet Nay Win's FB Acc
Photo Credit - Htet Nay Win's FB Acc
Photo Credit - Htet Nay Win's FB Acc
Photo Credit - Htet Nay Win's FB Acc

ဒီနေ့မှာလည်း PDF လူငယ်လေးတစ်ယောက်ဟာ ငယ်စဉ်ဘဝမှာတော့ မိုးသံလေးတဖြောက်ဖြောက်ကို နားထောင်ပြီးအိပ်ရတာသဘောကျပေမယ့် လက်ရှိမှာတော့ မိုးကိုသိပ်မုန်းတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ယက်မှာရင်ဖွင့်လာခဲ့ပါတယ်။ မိုးမလုံ လေမလုံ အကာလေးတွေကိုသာ အမှီသဟဲပြုပြီး နေရတာမို့ တစ်ခုခုရာသီဥတုဆိုးဝါးလာရင် သူတို့အနေနဲ့ နေရပိုခက်မှာပါ။ ဒီအကြောင်းအရာလေးကို တွေ့ကြတဲ့ ပြည်သူတွေဟာ အားတင်းထားဖို့နဲ့ အခုလိုအနစ်နာခံပေးနေတာကို ကျေးဇူးတင်ကြောင်း မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

Photo Credit - Htet Nay Win's FB Acc
Photo Credit - Htet Nay Win's FB Acc
Photo Credit - Htet Nay Win's FB Acc
Photo Credit - Htet Nay Win's FB Acc
Photo Credit - Htet Nay Win's FB Acc
Photo Credit - Htet Nay Win's FB Acc

ဒီလိုတွေပင်ပင်ပန်းပန်းဖြတ်သန်းနေရလည်း တစ်ချက်လေးအောင်အားလျော့မသွားဘဲ တော်လှန်ရေးအောင်မြင်ဖို့ကိုပဲဦးတည်နေတဲ့ PDF တွေရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။ ဟင်းစားရှာမရတဲ့အချိန်တွေမှာလည်း ဖြစ်သလိုမျှတစားကြပြီး ကိုယ့်စခန်းကိုယ်လည်း သေသေချာချာစောင့်ရှောက်ကြတဲ့ပုံရိပ်လေးတွေကိုလည်း ထပ်မံဝေမျှခဲ့ပါသေးတယ်။ ဒုက္ခတွေကို ကြံ့ကြံ့ခံပြီးရင်ဆိုင်ဖြတ်သန်းနေတဲ့ PDF လေးတွေဟာ တိုင်းပြည်အေးချမ်းသွားတဲ့ တစ်နေ့မှာ ထိပ်ဆုံးက ဦးညွှတ်ရမယ့် အာဇာနည်သူရဲကောင်းတွေပါပဲ။

Photo Credit - Htet Nay Win's FB Acc
Photo Credit - Htet Nay Win's FB Acc
Photo Credit - Htet Nay Win's FB Acc
Photo Credit - Htet Nay Win's FB Acc

သတင်း အရင်းအမြစ်Htet Nay Win's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T