မန္တလေး-မြစ်ကြီးနား ရထားလမ်းတစ်ခုဖြစ်တဲ ချောင်းကူးတံတားတစ်စင်းကို ဖောက်ခွဲဖျက်စီးခဲ့ကြောင်း ထုတ်ပြန်လာတဲ့ ကန့်ဘလူ PDF

//s9.kh1.co/fa/fae2c423be07d1a5de04c68d07759c0e982a0f26.jpg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ အာဏာရှင်လူတစ်စုနဲ့ မြို့ခံ PDF တွေအကြား တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်းက ၎င်းတို့ပိုင်တဲ့ Mytel တာဝါတိုင်များကို PDF အဖွဲ့များက မီးရှို့ဖျက်စီးတာတွေအပြင် မိုင်းဖောက်ခွဲ တာတွေကို လုပ်ဆောင်လာခဲ့ပါတယ်။ စတင်ဘာလ (၁၅) ရက်နေ့ နံနက် (၉) နာရီခန့်လောက်မှာ ကန့်ဘလူမြို့နယ် ထန်းတပင်နှင့် ညောင်းဇင်းကျေးရွာကြား သရက်ခေါင်း ချောင်းကူးတံတားကို ကန့်ဘလူ PDF အဖွဲ့က မိုင်းဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit - KBU
Photo Credit - KBU
Photo Credit - KBU
Photo Credit - KBU

ကန့်ဘလူ PDF အဖွဲ့ကတော့ အာဏာရှင်လူတစ်စုက ရထားဖြင့် စစ်လက်နက်ပစ္စည်းများသယ်ယူရန် ပြင်ဆင်နေတာကြောင့် သရက်ချောင်းတံတားကို ဖောက်ခွဲဖြတ်တောက်ခဲ့တာလို့ ဆိုထားပါတယ်။ အဆိုပါ ဖောက်ခွဲဖြတ်တောက်ခံရတဲ့ ရထားလမ်းပိုင်းဟာ မန္တလေး-မြစ်ကြီးနား ရထားလမ်းနှင့်လည်း ဆက်စပ်နေပြီး လက်ရှိမှာ မီးရထားဝန်ထမ်းများ CDM လုပ်ဆောင်နေတာကြောင့် ရထားများပြေးဆွဲခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

Photo Credit - KBU
Photo Credit - KBU
Photo Credit - KBU
Photo Credit - KBU

သရက်ခေါင်း ချောင်းကူးတံတားက ကန့်ဘလူမြို့ရဲ့ တောင်ဘက် (၁၆) မိုင်ခန့် အကွာမှာရှိပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းတစ်ခုဖြစ်ကာ ကန့်ဘလူမြို့နှင့် ဇီးကုန်းမြို့ကြားတွင် တည်ရှိတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကန့်ဘလူ ၊ကျွန်းလှ ၊ ကောလင်းလမ်း၊ ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းပေါ်တွေမှာ အများပြည်သူများ မလိုအပ်ဘဲ ခရီးမသွားကြရန် စစ်ကိုင်း PDF က ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

Photo Credit - KBU
Photo Credit - KBU
Credit - KBU
Credit - KBU

သတင်း အရင်းအမြစ်Source - KB U

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T