အကြမ်းဖက်မှုတွေနဲ့ မီးရှို့ဖျက်စီးမှုတွေကြောင့် ဒုက္ခရောက်နေကြရရှာတဲ့ စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများ

//s9.kh1.co/ef/ef1886e53acbd055e08d81e1b7898a444fa8ee4b.jpeg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကပ်ရောဂါဆိုးကြီးတွေကြောင့် လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအနေနဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အများအပြား ဆုံးရှုံးနေကြရပြီ ဖြစ်ပါတယ်..။ ပိုမိုပြင်းထန် တင်းမာလာတဲ့ လက်ရှိအခြေအနေတွေမှာ တိုက်ပွဲတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူတွေမှာ အထိနာကာ ဆင်းရဲဒုက္ခပေါင်းစုံနဲ့ စစ်ဘေးရှောင်နေကြရတာ တော်တော်များများပါပဲ။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အကြမ်းဖက်တပ်တွေဟာ ဂန့်ဂေါနယ်ထဲကရွာတွေကို ဝင်ရောက်မွှေနှောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သာလင်း၊ မြင်သား၊ နှမ်းခါးနဲ့ ထယ်လှော်ကျေးရွာတွေက စုစုပေါင်းအိမ်ခြေ (၈၀)ခန့်အထိ ပြာကျပျက်စီးခဲ့ရပါတယ်။ နေအိမ်တွေကို မီးရှို့ဖျက်စီးတဲ့အပြင် လူမဆန်စွာ မတရားနှိပ်စက်သတ်ဖြတ်လို့ အပြစ်မဲ့ပြည်သူတွေ အများအပြားသေဆုံးခဲ့ကြရပြီး ဂန့်ဂေါ-ကလေးလမ်းတစ်လျှောက်မှာ စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူများအတွက် အစားအသောက်အပြင် ဆေးဝါးတွေလည်း လိုအပ်နေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေအရ ဂန့်ဂေါမြို့နယ်တွင်း ပြည်သူတွေအနေနဲ့ လုံခြုံရေးအသိ အမြဲရှိဖို့လိုအပ်နေပြီး အစားအသောက်နဲ့ ဆေးဝါးတွေလည်း လိုအပ်နေမို့ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T