ဖေဖော်ဝါရီလမှစလို့ မြန်မာနိုင်ငံဟာ အာဏာထိန်းချုပ်မှုကို ကြုံတွေ့ခဲ့ရပါတယ်။ဒီလိုကြုံတွေ့လာပြီးနောက် ကျောင်းသားပြည်သူအပေါင်းဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုနဲ့ ဖမ်းဆီးခြင်းကို ခံခဲ့လာကြရပါတယ်။
ဖေဖော်ဝါရီမှစလို့ ယခု စက်တင်ဘာထိ ထိန်းချုပ်ခံရသူပေါင်းများစွာအပြင် ကျဆုံးသူပေါင်းများစွာလည်းရှိပါတယ်။ထိုသို့ ဖမ်းဆီးခံရသူများတွင် ကျောင်းသား၊ကျောင်းသူ၊ပြည်သူ၊သံဃာများပါ ပါဝင်ပါတယ်။
ယမန့်နေ့ စက်တင်ဘာ (၁၄)ရက်နေ့ ညမှာလည်း
ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြတဲ့ မဝတ်ရည်အောင် (သတ္တဗေဒ)၊မသဉ္ဇာဇော် (ဓာတုဗေဒ)၊မောင်စည်သူအောင်တင် (ဥပဒေ)၊မောင်ရဲလင်းဦး (ရှေး/သု)၊မောင်မြင့်သိန်းနိုင် (ပထဝီဝင်) နှင့် မောင်နေထက်လင်း (သတ္တဗေဒ) တို့ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။ဘာအကြောင်းကြောင့်လဲဆိုတာတော့ ခုချိန်ထိစုံစမ်းနေဆဲလို့လည်းကြားသိရပါတယ်။အမြန်ဆုံးပြန်လည်လွတ်မြောက်လာအောင်လည်း ဆုတောင်းပေးကြရအောင်နော်။