ဆရာဝန်ကြီးတွေက ကြိုးစားခွဲစိတ်ပေးခဲ့တာကြောင့် အန္တရာယ်ကင်းကင်းနဲ့ မွေးဖွားနိုင်ခဲ့တဲ့ ပုသိမ်မြို့က သုံးမွှာပူးကလေးတွေရဲ့ချစ်စရာပုံရိပ်များ

//s9.kh1.co/87/8777a4becfbad3d1690eaaeb21cdd2964176fe6f.jpg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဆရာဝန်ကြီးတွေက ကြိုးစားခွဲစိတ်ပေးခဲ့တာကြောင့် အန္တရာယ်ကင်းကင်းနဲ့ မွေးဖွားနိုင်ခဲ့တဲ့ ပုသိမ်မြို့က သုံးမွှာပူးကလေးတွေရဲ့ချစ်စရာပုံရိပ်များ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ လမင်းဆေးရုံတွင် ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့က ထူးခြားဖြစ်စဥ်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက ကလေးသုံးမွှာပူးကို လမင်းဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ် ။ ဆရာဝန်ကြီးတွေဦးဆောင်တဲ့အဖွဲ့ရဲ့ကျွမ်းကျင်မှုနဲ့အတူ သုံးမွှာပူးကလေးလေးတွေကို အောင်မြင်စွာ မွေးဖွားနိုင််ခဲ့တယ်လို့ သိရှိရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Lamin Hospital's FB Page
Photo Credit-Lamin Hospital's FB Page

ထူးထူးခြားခြား ကလေးသုံးမွှာပူးမွေးခဲ့တဲ့အကြောင်းကို လမင်းဆေးရုံရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ကြေညာခဲ့တာ ဖြစ်ပါတယ် ။ ကလေးတွေကို သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာသန်းသန်းအေး၊ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ ဝင်းစီစီခိုင်၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဝင်းဝင်းဝါတို့ဦးဆောင်တဲ့အဖွဲ့မှ အောင်မြင်စွာ မွေးဖွားသန့်စင်ပေးနိုင်ခဲ့တာဖြစ်ကြောင်း ရေးသားထားတာလည်း တွေ့ရပါတယ်။

Photo Credit-Lamin Hospital's FB Page
Photo Credit-Lamin Hospital's FB Page

လမင်းဆေးရုံက မွေးဖွားပေးခဲ့တဲ့ ကလေးအမွှာပူး သုံးယောက်လုံးက သမီးလေးတွေဖြစ်ကြပြီး ကျန်းကျန်းမာမာနဲ့ လူ့လောကထဲကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ကလေးတွေအားလုံးက ပါးဖောင်းဖောင်းလေးတွေနဲ့ တကယ့်ကို အသည်းယားစရာကောင်းနေကြတာလည်း ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း ချစ်စရာကောင်းတဲ့ ဒီသုံးမွှာပူးကလေးတွေရဲ့ပုံတွေကိုကြည့်ပြီး သဘောကျချစ်ခင်နေကြတာ ဖြစ်ပါတယ် ။

Source & Photo Credit-Lamin Hospital's FB Page

Photo Credit-Lamin Hospital's FB Page
Photo Credit-Lamin Hospital's FB Page
Photo Credit-Lamin Hospital's FB Page
Photo Credit-Lamin Hospital's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T