ဒီကာလမှာတော့ ပြည်သူတွေလည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတာတောင် ကြပ်တည်းနေကြတာပဲဖြစ်ပါတယ်။အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေတဲ့ ဒီအချိန်မှာ အခြေခံပြည်သူလူထုကတော့ ထမင်းနပ်မှန်ဖို့အတွက်ကြိုးစားရှာဖွေနေရတာဖြစ်ပါတယ်။ဒါ့ကြောင့် ပရဟိတအသင်းအဖွဲ့တွေနဲ့ စေတနာရှင်ပြည်သူတွေကစားသောက်ကုန်တွေ၊ငွေကြေးနဲ့ စားစရာတချို့ကို လက်လှမ်းမှီသလောက် ဝေငှပေးရင်း ကုသိုလ်ယူနေကြတာပဲဖြစ်ပါတယ်။
ရွှေကြာလူမှုကူညီရေးအသင်းအဖွဲ့ကလည်း အလှူရှင်တွေရဲ့ကုသိုလ်နဲ့ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် မရွှေကြာတို့အဖွဲ့မှာ အခြေခံပြည်သူတွေအတွက်စားသောက်ကုန်တချို့ကို လှူဒါန်းပေးနေတာဖြစ်ပါတယ်။ဒါ့အပြင် သွားရင်းလာရင်းဗိုက်ဆာသူ၊ဝယ်စားဖို့မတတ်နိုင်သူ၊အလုပ်သမားတချို့တွေအတွက် ပေါ့ပေါ့ပါးပါးထမင်းဘူးတွေကို "ရွှေကြာလူမှုကူညီရေးရုံး" ရဲ့ရှေ့မှာ ခုံလေးနဲ့ချပေးထားပြီး ကုသိုလ်ယူနေတာဖြစ်ပါတယ်။
မရွှေကြာတို့အသင်းမှ "ဆာရင်ယူပါ၊ဆာသောသူကိုဦးစားပေးပါ" ဆိုပြီး ထမင်းဘူးတွေလှူဒါန်းလာတာ (၄)ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။ထမင်းဘူးယူကြသူတွေထဲမှာ တချို့တွေလည်း တကယ်ဗိုက်ဆာလို့ယူကြတာဖြစ်ပြီးတချို့ပြည်သူတွေလည်း မိသားစုစားဝတ်နေရေးအဆင်မပြေတာတောင် ဗိုက်ဆာနေတဲ့သူတွေကိုပဲ ဦးစားပေးခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုး လိုအပ်သူတွေယူစားနိုင်ဖို့အတွက် ထမင်းဘူးလေးတွေလှူဒါန်းပေးတာက မွန်မြတ်တဲ့ကုသိုလ်ဖြစ်လို့ ပီတိဖြစ်စွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Shwe Kyar’s Fb acc