နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကတည်းက မြန်မာနိုင်ငံအတွင်းရှိ တစ်ချို့ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ် ။ ကယားပြည်နယ်မှာဆိုရင်လည်း တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အခုအချိန်အထိ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေအများအပြားရှိနေပြီး တစ်ချို့ပြည်သူတွေရဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတာ ဖြစ်ပါတယ် ။ PDF လူငယ်တွေကလည်း သူတို့ရဲ့ဒေသကိုကာကွယ်ဖို့အတွက် အသက်ကိုတောင်ရင်းထားကြတာ ဖြစ်ပါတယ် ။
ယနေ့ စက်တင်ဘာလ (၁၄) ရက်မှာတော့ ကယားပြည်နယ် ၊ ကဒါးလားရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဒီတိုက်ပွဲမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်က အထိအခိုက်၊အကျအဆုံးရှိခဲ့သလို KNDF တပ်ရင်း(၁)ဘက်ကလည်း ရဲဘော်(၂)ဦး ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ် ။ ကျဆုံးရဲဘော်နှစ်ဦးမှာတော့ တစ်ယောက်က ကျောင်းဆရာဖြစ်ပြီး တစိယောက်က ကျောင်းသားလူငယ်လေး ဖြစ်ပါတယ် ။ အခုလည်း PDF လူငယ်တစ်ဦးက တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော်တစ်ဦးရဲ့အလောင်းကိုထမ်းပြီး ပြန်ခဲ့ရတဲ့အဖြစ်ကို ပြောပြထားတာ တွေ့ရပါတယ်။
သူက "ညီငယ်ရေ R.I.P ပါကွာ ? ငါထမ်းရတဲ့အလောင်းက မင်းမှန်းငါမသိခဲ့လိုက်ဘူးကွာ အသက်လည်းမပြည့်သေး မင်းရဲ့သွေးက ရဲလွန်းပါတယ် ငါအနားမှာပဲနေ ပြောရဲ့သားနဲ့ကွာ ခုတော့ ခွဲရပြီ??? အာဇာနည်....."ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ် ။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်လေးက အသက် (၁၉)နှစ်အရွယ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်လေးရဲ့စိတ်ဓာတ်ကိုလည်း ပြည်သူတွေက လေးစားဂုဏ်ပြုနေကြတာ ဖြစ်ပါတယ် ။ PDF လူငယ်တွေကလည်း ဒီရဲဘော်နဲ့ပတ်သက်ပြီး သူတို့ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပြောပြနေကြတာ တွေ့ရပါတယ် ။
Source & Photo Credit-Original Uploader