ထန်တလန်မြို့က အခြေစိုက်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရင်း အပြန်အလှန်ပစ်ခတ်မှုတွေနဲ့အတူ တိုက်ပွဲပြင်းထန်နေတဲ့ CDF-Thantang တပ်တွေရဲ့ ရုပ်သံဖိုင်

//s9.kh1.co/6d/6d95a26d69e5aab0a578095316f2f4150af082d4.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မေလပိုင်း လောက်ကနေစတင်ပြီး ချင်းပြည်နယ်အတွင်းက မြို့နယ်အများအပြားမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အာဏာရှင်လူစုရဲ့ လောက်အောက်ခံ တပ်တွေအကြား အပြင်းအထန် တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေလည်း ရာနဲ့ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။ လတ်တလောမှာလည်း အာဏာရှင်လူတစ်စုဘက်က ချင်းပြည်နယ်အတွင်း အင်အားသုံးကာ ထိုးစစ်ဆင်မှုတွေကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ တွေ့ရပါတယ်။

Photo Credit - CDF_Thantang
Photo Credit - CDF_Thantang
Photo Credit - CDF_Thantang
Photo Credit - CDF_Thantang

အဆိုပါတိုက်ပွဲတွေမှာ ချင်းအမျိုးသားတပ်မတော်(CNF)တပ်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပါတယ်။ ယခုမှာလည်း စတင်ဘာလ (၁၁)ရက်နေ့က CNF တပ်နှင့် ထန်တလန်ပြည်သူကာကွယ်ရေးတပ်(CDF_Thantang)တို့က ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာရှိ အာဏာရှင်လူတစ်စုရဲ့ အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - CDF_Thantang
Photo Credit - CDF_Thantang
Photo Credit - CDF_Thantang
Photo Credit - CDF_Thantang

ဒီရုပ်သံဖိုင်မှာတော့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေနဲ့အတူ တိုက်ပွဲပြင်းထန်နေတာ တွေ့ရပါတယ်။ ကြားသိရတဲ့ သတင်းများအရ အဆိုပါ အခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အာဏာရှင်လူတစ်စုဘက်က အကျအဆုံးများခဲ့တယ်လို့ ဆိုပါတယ်။ ယင်းတိုက်ပွဲတွေကြောင့်ဒေသခံအများအပြားဟာ အိန္ဒိယပြည်နယ်၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရုပ်သံဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - CDF_Thantang

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T