ကလေးအများကြီးလိုချင်တာကြောင့် တစ်နှစ်အတွင်းမှာ ကလေးအယောက် (၂၀)ယောက်ရအောင်ဖန်တီးယူခဲ့တဲ့ သန်းကြွယ်သူဌေးဇနီးမောင်နှံ

//s9.kh1.co/96/967b440f5aaa8e5aa7e4c917f79459938b1e7e3d.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကလေးအများကြီးလိုချင်တာကြောင့် တစ်နှစ်အတွင်းမှာ ကလေးအယောက် (၂၀)ယောက်ရအောင်ဖန်တီးယူခဲ့တဲ့ သန်းကြွယ်သူဌေးဇနီးမောင်နှံ

ရရှားအမျိုးသမီးတစ်ဦးဖြစ်တဲ့ Kristina Ozturk က သူမအသက် (၂၄)နှစ်အရွယ်မှာပဲ ကလေးအယောက် (၂၀)ကိုပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့နှစ်ကတော့ Kristina Ozturk မှာ ခြောက်နှစ်အရွယ် သမီးလေးတစ်ယောက်သာရှိခဲ့တာ ဖြစ်ပါတယ် ။ တစ်နှစ်အကြာမှာတော့ Kristina Ozturk ဆီမှာ အသက် (၁၅)လအောက်အရွယ်ရှိတဲ့ ကလေးအယောက် (၂၀) တောင်ပိုင်ဆိုင်လာခဲ့တာ ဖြစ်ပါတယ် ။ Kristina နဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ သန်းကြွယ်သူဌေး Galip တို့က မိသားစုကြီးတစ်ခုကိုလိုချင်ကြပေမယ့် အချိန်ကြာကြာမစောင့်ချင်တာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-mumcentral.com
Photo Credit-mumcentral.com

Kristina တို့ဇနီးမောင်နှံက အငှားကိုယ်ဝန်ဆောင်တွေကို တရားဝင်အသုံးပြုခွင့်ရှိတဲ့ ဂျော်ဂျီယာပြည်နယ်၊ Butami မှာ နေထိုင်ကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် သူမတို့စုံတွဲက ကလေးအယောက် (၂၀)ရဖို့အတွက် အငှားကိုယ်ဝန်သည်အများအပြားကို အသုံးပြုခဲ့ရတာ ဖြစ်ပါတယ် ။ ကလေးတွေအားလုံးက သူမနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့သွေးသားတွေဖြစ်ကြပြီး ကလေးအားလုံးကို (10.3.2020) နဲ့ (16.1.2021) မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ် ။ သူမရဲ့အကြီးဆုံးသား Mufasa က (၁၇)လအရွယ်ရှိပြီး အငယ်ဆုံးကလေး Olivia ကတော့ (၈)လခန့်ရှိနေပြီ ဖြစ်ပါတယ် ။

Photo Credit-mumcentral.com
Photo Credit-mumcentral.com
Photo Credit-mumcentral.com
Photo Credit-mumcentral.com

သူမတို့ဇနီးမောင်နှံက ကလေးတွေအတွက် ကလေးထိန်း (၁၆)ယောက်ကိုလည်း ခန့်ခဲ့သေးတာ ဖြစ်ပါတယ် ။ ကလေးတွေရဲ့ကုန်ကျစရိတ်က တစ်ပတ်တစ်ပတ်ကို ပေါင် (၃၅၀၀)မှ (၄၂၀၀) (ဒေါ်လာ (၆၅၀၀ မှ ၇၇၀၀) ခန့်အထိ ကုန်ကျတာပဲ ဖြစ်ပါတယ် ။ သူမတို့မိသားစုနဲ့ ကလေးထိန်းတွေက သုံးထပ်စံအိမ်ကြီးရှိ အခန်းတစ်ခန်းစီမှာ ကလေးနှစ်ယောက် (သို့) သုံးယောက်နဲ့အတူ နေထိုင်ကြတာ ဖြစ်ပါတယ် ။

Photo Credit-mumcentral.com
Photo Credit-mumcentral.com
Photo Credit-mumcentral.com
Photo Credit-mumcentral.com

Kristina က ကလေးတွေအတွက် အမိုက်စား playroom တစ်ခုကိုလည်း ဖန်တီးပေးထားပါသေးတယ်။ ဒီလိုကလေးတွေအများကြီးရအောင် ဖန်တီးယူခဲ့တဲ့အပေါ် Kristina က "သင့်အနေနဲ့မလိုချင်ဘူးရင် အငှားကိုယ်ဝန်ကိုမသုံးနဲ့၊ ဒါက သင့်ရဲ့ရွေးချယ်မှုပါ။ ဒါပေမဲ့ ဒါကတော့ ငါတို့ရဲ့ဘဝ၊ ငါတို့ရဲ့ရွေးချယ်မှုပဲ။ ”ဆိုပြီး ပြောခဲ့ဖူးပါသေးတယ်။

Source & Photo Credit-mumcentral.com

Photo Credit-mumcentral.com
Photo Credit-mumcentral.com
Photo Credit-mumcentral.com
Photo Credit-mumcentral.com
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T