အပြန်အလှန် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တချို့ပါ ထိမှန်ပျက်စီးခဲ့ရတဲ့ ထန်တလန်မြို့ကဖြစ်ရပ်

//s9.kh1.co/1a/1a385b618d3a4840fd0a94fc96fa21f8f1f9f2bd.jpg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ နေရာဒေသတွေမှာ အာဏာရှင်လူတစ်စုဘက်က ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။ တချို့နေရာတွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အာဏာရှင်လူတစ်စုဘက်က အကျအဆုံး များပြားခဲ့တာကိုလည်း ကြားသိရပါတယ်။ ပြည်သူ့အာဏာသိမ်းသွားပြီးတဲ့ နောက်ပိုင်းမှာ အာဏာရှင်လူတစ်စုကို ရရာလက်နက်နဲ့ စတင်တော်လှန်ခဲ့ကြတဲ့ ချင်းပြည်နယ် အတွင်းမှာလည်း လက်ရှိအချိန်ထိ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုဒဏ်ကို အလူးအလဲ ခံစားနေရရှာပါတယ်။

Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen

လက်ရှိအချိန်ထိလည်း အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခြင်းတွေအပြင် လူနေအိမ်တွေနဲ့ ဘာသာရေးအဆောက်အဦးကို ဝင်ရောက်ဖျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ အာဏာရှင်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေကလည်း နေ့စဥ်ဆိုလိုဖြစ်ပွားလာခဲ့တာ တွေ့ရပါတယ်။ ဒီကနေ့ စတင်ဘာလ (၉) ရက်၊ နေ့လည်ပိုင်းလောက်မှာလည်း ထန်တလန်မြို့ထဲမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen

ယင်းပစ်ခတ်မှုမှာ အာဏာရှင်လူစုဘက်က (၂)ဦး သေဆုံးခဲ့သလို အသက် (၁၅) နှစ်အရွယ် ဒေသခံအမျိုးသမီး(၁)ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အနီးအနားရှိ လူနေအိမ်များလည်း ထိမှန်ပျက်စီးခဲ့တဲ့အပြင် မြို့ထဲက လူနေအိမ်တစ်လုံးကတော့ လက်နက်ကြီး ထိမှန်ပြီး မီးလောင်သွားခဲ့တာကို ယခုပုံတွေမှာ မြင်တွေ့ရပါတယ်။ ဒီဖြစ်စဥ်ကိုလည်း ပရိသတ်တွေ သိရှိစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Zalen
Photo Credit - Zalen
https://s9.kh1.co/__image/w=600,h=450,q=100/7d/7d798247f79edec21522eaad0e6d464a419e6b3f.jpg

သတင်း အရင်းအမြစ်Source - Zalen

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T