ပြည်သူတွေကတော့ ဒီနှစ်အတွင်းမှာ အတော်လေး ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပါတယ် ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကိုဗစ်ဖြစ်ပွားပြီးချိန်မှာပဲ ရုတ်တရက် ပြောင်းလဲခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စီးပွားရေးကစလို့ အစစ အရာရာ အဆင်မပြေခဲ့ပါဘူး ။ အခုဆို ကိုဗစ် တတိယလှိုင်းကလည်း တစ်ကျော့ပြန်လည် ရောက်ရှိလာတာကြောင့် ကျပ်တည်းမှုတွေရော ၊ ရောဂါ ကူးစက်ခံရတာတွေရော အစုံကို အားတင်းကာ ဖြတ်သန်းနေရပါတယ် ။
ဒီလိုကာလတွေမှာ စီးပွားဆန်ဆန် တစ်ချို့သောလူတွေက ပြည်သူတွေ လိုအပ်နေကြတဲ့ ကုန်ပစ္စည်းတွေကို ဈေးနှုန်းတွေ အဆမတန် ရောင်းချလာကြတာတွေ့ရပါတယ် ။ ဒုက္ခရောက်နေချိန်မှာ အခွင့်ရေးယူပြီး ခုလိုတွေလုပ်ကြတာ တကယ်ကို မလုပ်သင့်တာတွေပါ ။ ဒါကြောင့်လည်း စေတနာရှင် ပြည်သူတွေက အခမဲ့လှူဒါန်းပေးတာတွေ ၊ လူတိုင်းဝယ်ယူနိုင်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးလာကြပါတယ် ။
အခုလည်း အခြေအနေတွေ အမျိုးမျိုးကြောင့် စားသောက်ကုန်တွေကို ပြည်သူတွေ အလုအယက်ဝယ်ကြလို့ ဈေးတွေ တက်နေချိန်မှာ စေတနာရှင် ပြည်သူတစ်ဦးက ဟင်းသီဟင်းရွက်အစုံကို ရက်ရက်ရောရော လှူဒါန်းရန် ပြုလုပ်နေတဲ့ ပို့စ်တစ်ခုကိုတွေ့ရပါတယ် ။ တောင်သူတွေ အတွက်ကော ခက်ခဲနေသူတွေပါ ခဏတာ အဆင်ပြေသွားတာမို့ ထူးခြားတဲ့ အလှူလေး တစ်ခုဖြစ်မှာပါ ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း အလှူရှင်တွေလည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။