တစ်ကိုယ်လုံး သွေးစွန်းနေတဲ့ ပုံစံဖန်တီးပြီး တံတားအပေါ်ကနေ ကြိုးနဲ့ တွဲလောင်းချကာ ရဲရဲဝင့်ဝင့် သရုပ်ဖော် ပြသခဲ့တဲ့ ထိုင်းဆန္ဒပြပွဲက ကျောင်းသူတစ်ဦး

//s9.kh1.co/37/37cdd5f4b1387a781482076836429ece47f4358f.jpeg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

စစ်မှန်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစနစ်ကို ပိုင်ဆိုင်ချင်ကြတဲ့ အချို့ နိုင်ငံတွေမှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ပုံစံမျိုးစုံနဲ့ အစွမ်းကုန် ပြုလုပ်လျက်ရှိကြပါတယ် ။ ထိုင်းနိုင်ငံမှာဆိုရင်လည်း စစ်ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ ဝန်ကြီးချုပ်ပရာယွတ်ကို နှုတ်ထွက်ပေးရေး အတွက် ပြည်သူတွေ စုပေါင်းပြီး လှုပ်ရှားမှုတွေကို နေ့ရက်တိုင်း ပြုလုပ်လျက်ရှိတာ တွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ထိုင်းရဲတပ်ဖွဲ့တွေ အနေနဲ့လည်း ဆန္ဒပြ ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးပြီး ဖြိုခွင်းတာတွေ လုပ်ခဲ့ကြတာကို ထိုင်းနိုင်ငံရဲ့ လှုပ်ရှားမှု ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ် ။ ဒီလို ဖမ်းဆီးတာတွေ ရှိနေပေမယ့်လည်း ထိုင်းနိုင်ငံက ပြည်သူတွေအနေနဲ့ကတော့ အားမလျော့ဘဲ နေ့ရက်တိုင်း နည်းမျိုးစုံကို သုံးကာ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ပြသရင်း လှုပ်ရှားမှုတွေ ပြုလုပ်နေကြဆဲပါ ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း ကျောင်းသူတစ်ဦးက တစ်ကိုယ်လုံး သွေးစွန်းနေတဲ့ ပုံစံဖန်တီးကာ တံတားအပေါ်ကနေ ကြိုးနဲ့ တွဲလောင်းချကာ ရဲရဲဝင့်ဝင့် သရုပ်ဖော်ပြသကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပုံရိပ်တွေကို တွေ့ရပါတယ် ။ ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ခုလို လုပ်ရပ်ကို သရုပ်ဖော်ပြသသွားတာ လေးစားစရာပါပဲ ။ ပရိသတ်ကြီး အတွက် ထိုင်းက ဒီသတင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T