ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့အတွက် ချမ်းအေးတဲ့ ဒဏ်ကို အံတုပြီး ရေထဲမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်နေကြတဲ့ PDFလူငယ်တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/35/35761e91f356d270bf7d01eb43382be7efe235bd.jpg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့အတွက် ချမ်းအေးတဲ့ ဒဏ်ကို အံတုပြီး ရေထဲမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်နေကြတဲ့ PDFလူငယ်တွေရဲ့ ဗီဒီယိုဖိုင်

မြန်မာလူငယ်လေးတွေကတော့ တောတောင်တွေထဲ သွားရောက်ပြီး အခက်အခဲတွေများစွာကို ကျော်ဖြတ်ကာ ရန်သူကို တိုက်ခိုက်ဖို့အတွက် စစ်ရေးလေ့ကျင့်နေကြပါတယ်။ ထိုင်းနိုင်ငံကနေ ပြန်လာပြီး လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်ပညာသင်ကြားနေကြတဲ့ PDFလူငယ်လေးတွေလည်း ရှိကြပါတယ်။ PDFလူငယ်လေးတွေဟာ အရေးပေါ်အခြေအနေကြေညာတာနဲ့ စစ်ရေးကျွမ်းကျင်စွာ ရန်သူကို တိုက်ခိုက်ဖို့အတွက် ပင်ပင်ပန်းပန်းနဲ့ စစ်ရေးလေ့ကျင့်နေကြပါတယ်။

Photo Credit:  Ye Min Kyi ' s Facebook Acc 
Photo Credit: Ye Min Kyi ' s Facebook Acc 
Photo Credit:  Ye Min Kyi ' s Facebook Acc 
Photo Credit: Ye Min Kyi ' s Facebook Acc 

ယခုမှာတော့ တောတောင်ထဲ ရောက်ရှိနေတဲ့ PDFလူငယ်လေးတွေဟာ ချမ်းအေးတဲ့ ဒဏ်ကိုအံတုပြီး ရေထဲမှာ ပြင်းပြင်းထန်ထန် စစ်ရေးလေ့ကျင့်နေကြတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါဗီဒီယိုဖိုင်ထဲမှာ PDFလူငယ်လေးတွေက ခေါင်းဆောင်ပြောတဲ့ စကားတွေကို တသွေမသိမ်း လိုက်နာကြပြီး အပင်ပန်းခံကာ စစ်ရေးလေ့ကျင့်ပြင်ဆင်နေတာကို မြင်တွေ့ရပါတယ်။ရေထဲကနေ ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့အတွက် အဆိုပါPDFလူငယ်လေးတွေက စနစ်တကျနဲ့ အားသွန်ခွန်စိုက်လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။

Photo Credit:  Ye Min Kyi ' s Facebook Acc 
Photo Credit: Ye Min Kyi ' s Facebook Acc 
Photo Credit:  Ye Min Kyi ' s Facebook Acc 
Photo Credit: Ye Min Kyi ' s Facebook Acc 

အနစ်နာခံ၊ အပင်ပန်းခံပြီး စစ်ရေးလေ့ကျင့်နေကြတဲ့ အဆိုပါPDFလူငယ်တွေကို ပြည်သူတွေက အားပေးစကားတွေ ပြောဆိုနေကြပါတယ်။ တောတောင်ထဲ ရောက်ရှိနေတဲ့ ပြည်သူတစ်ဦးကတော့ " အပင်ပန်းခံ လေ့ကျင့် အမိန့်နာခံမှုကောင်း၊ ထိုင်းပြန်မြန်မာလူငယ် G.Z လေးတွေ လိုနေတာက ပစ္စည်းအစစ်တွေ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ရေထဲဆင်းပြီး ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့အတွက် အပြင်းအထန်လေ့ကျင့်နေကြတဲ့ ထိုင်းပြန် PDFလူငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Ye Min Kyi ' s Facebook Acc 

Photo Credit:  Ye Min Kyi ' s Facebook Acc 
Photo Credit: Ye Min Kyi ' s Facebook Acc 
Photo Credit:  Ye Min Kyi ' s Facebook Acc 
Photo Credit:  Ye Min Kyi ' s Facebook Acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T