အလှူရှင်ဖြစ်တဲ့ တောင်သူဦးကြီးလည်း ကုသိုလ်ရ၊ စစ်ဘေးရှောင်တွေလည်း ဝမ်းရေးဝစေဖို့ စိုက်ခင်းတွေထဲ ကိုယ်တိုင်ဆင်းနေတဲ့ ပရဟိတသမားများ

//s9.kh1.co/98/9888a4da78ff6c501f127400ee4e3acc80293968.jpg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အလှူရှင်ဖြစ်တဲ့ တောင်သူဦးကြီးလည်း ကုသိုလ်ရ၊ စစ်ဘေးရှောင်တွေလည်း ဝမ်းရေးဝစေဖို့ စိုက်ခင်းတွေထဲ ကိုယ်တိုင်ဆင်းနေတဲ့ ပရဟိတသမားများ

တိုက်ပွဲတွေဖြစ်ပွားနေတာ​ကြောင့် စစ်ဘေးရှောင်ပြည်သူတွေလည်း တိုးလာနေပြီး ယခုလိုမိုးတွင်းကာလကြီးမှာ စစ်ဘေးရှောင်နေရတာကြောင့် အခက်အခဲတွေများစွာကို ရင်ဆိုင်နေရပါတယ်။ စားဝတ်နေရေးခက်ခဲနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ဝမ်းရေးအဆင်ပြေဖို့အတွက် ပြည်သူတွေကလည်း တတ်နိုင်သလောက် လှူဒါန်းပေးနေကြပါတယ်။ ယခုမှာတော့ ပရဟိတသမားများဟာ စစ်ဘေးရှောင်ပြည်သူတွေ စားဖို့အတွက် အလှူရှင်ရဲ့ စိုက်ခင်းတွေထဲကနေ မုန်ညှင်းရွက်တွေကို ကိုယ်တိုင်ခူးပြီး အိတ်တွေနဲ့ ထည့်နေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကုန်စျေးနှုန်းတွေ ကြီးမြင့်ပေမယ့် တောင်သူ လယ်သမားတွေ စိုက်ပျိုးထားတဲ့ ကုန်ပစ္စည်းတွေဟာ ဝယ်သူမရှိဘဲ လွှင့်ပစ်ရတာမျိုးတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ယခုမှာတော့ တောင်သူဦးကြီးလည်း ဝယ်သူစောင့်စရာမလိုဘဲ ကုသိုလ်ရစေဖို့၊ စစ်ဘေးရှောင်ပြည်သူတွေလည်း ဝမ်းရေးအဆင်ပြေဖို့အတွက် ပရဟိတသမားတွေဟာ ယခုလိုစိုက်ခင်းထဲ ကိုယ်တိုင်ဆင်းပြီး မုန်ညှင်းရွက်တွေကို ခူးနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် သူတို့တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတဲ့ အဆိုပါပရဟိတသမားတွေကို ပြည်သူတွေက လေးစားနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပရဟိတသမားတစ်ဦးကတော့ ဝယ်လက်ကမရှိ၊ ရှိတော့လည်း ဈေးမရ၊ ကုန်ဈေးနှုန်းသာတက်နေပေမယ့် တောင်သူတွေစိုက်တဲ့ ကုန်ပစ္စည်းတစ်ခုမှ​ မပါကြောင်း၊ ယနေ့တော့ စစ်ဘေးရှောင်စခန်းက သူတွေအတွက် မုန်ညှင်းရွက်တွေကို အလှူရှင်ရဲ့ စိုက်ခင်းထဲကနေ ကိုယ်တိုင် ခုတ်ကြ၊ သန့်စင်ကြ၊ အိတ်တွေနဲ့ ပြန်ထည့်ကြနဲ့ နေပူဒဏ်လည်း မမှုနိုင်တော့ကြောင်း၊ ခူးလာတဲ့ မုန့်ညှင်းတွေကို ကြက်သွန်ဖြူ၊ ဂျင်းလေးအပြားရိုက်၊ ပဲငံပြာရည်လေးနဲ့ ကြော်ပြီး ပူပူလေးစားရရင် အရမ်းကောင်းကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို လှူဖို့အတွက် အလှူရှင်ရဲ့ စိုက်ခင်းထဲကနေ မုန်ညှင်းရွက်တွေ ကိုယ်တိုင်ခူးနေကြတဲ့ ပရဟိတသမားတွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T