အကြမ်းဖက်တာလီဘန်တို့ရဲ့လက်ထဲမပါသွားအောင် သူ့ရဲ့ဇာတိမြေ Panjshir ပြည်နယ်ကို အသက်ပေးပြီး ခုခံကာကွယ်သွားခဲ့တဲ့ အာဖကန်ပြည်သူတစ်ဦး

//s9.kh1.co/2c/2cbcc06a7c0e590837cb23298badd7061f6a9226.jpeg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အကြမ်းဖက်တာလီဘန်တို့ရဲ့လက်ထဲမပါသွားအောင် သူ့ရဲ့ဇာတိမြေ Panjshir ပြည်နယ်ကို အသက်ပေးပြီး ခုခံကာကွယ်သွားခဲ့တဲ့ အာဖကန်ပြည်သူတစ်ဦး

တာလီဘန်တွေကတော့ ဩဂုတ်လကတည်းက အာဖကန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကာဘူးလ်မှာ ကြီးစိုးပြီးနောက်မှာတော့ အာဖကန်ပြည်သူတွေလည်း အခွင့်အရေးတချို့ကိုတောင်းဆိုကြပါတယ်။ဒါ့အပြင် စက်တင်ဘာလ(၆)ရက်နေ့၊ဒီနေ့မနက်ပိုင်းမှာတော့ တာလီဘန်တွေက Panjshir တောင်ကြားဒေသကို အပြင်းအထန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။အာဖကန်နစ္စတန်နိုင်ငံအတွင်းမှာ ပြည်နယ် (၃၄)ခု ရှိတဲ့ထဲမှ Panjshir ပြည်နယ်ကို နောက်ဆုံးသိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 

အဲ့ဒီတိုက်ပွဲမှာ Panjshir ပြည်နယ်ကဒေသခံတွေကလည်း မိမိတို့ဇာတိမြေအတွက် အစွမ်းကုန်ခုခံကာကွယ်ခဲ့ကြပါတယ်။Fahim ဆိုတဲ့အမျိုးသားတစ်ဦးကတော့ သူ့ရဲ့ဇာတိမြေလေးအတွက် တိုက်ပွဲဝင်ရင်း တာလီဘန်တို့ရဲ့အကြမ်းဖက်မှုကြောင့် သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။Fahim အပြင် သူနဲ့ရင်နှီးတဲ့ နောက်ထပ်အမျိုးသား(၃)ဦးလည်း အသက်ပေးသွားခဲ့ရပါတယ်။Panjshir ပြည်နယ်က ဒေသခံတွေလည်း သူရဲကောင်း Fahim တို့အတွက်ဝမ်းနည်းနေကြပေမယ့် ဂုဏ်ယူနေကြတာဖြစ်ပါတယ်။

Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 

သူရဲကောင်း Fahim ကတော့ Kabul Weekly မှာ အယ်ဒီတာတစ်ယောက်ဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်အတွက်လည်း အပြင်းအထန်ကြိုးစားခဲ့တာဖြစ်ပါတယ်။Fahim က လွန်ခဲ့တဲ့ (၂၀၀၁)ခုနှစ်တုန်းကဆိုရင် Ahmad Shah Massoud လုပ်ကြံခံရတဲ့အခန်းမှာ ရှိနေခဲ့သော်လည်း သေဘေးကနေလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။အနှစ်(၂၀)ကြာပြီးတဲ့အချိန် စက်တင်ဘာလ၊(၅)ရက်၊၂၀၂၁ခုနှစ်တွင် ဇာတိမြို့ကိုကာကွယ်ရင်း ကျဆုံးသွားတဲ့ Fahim ရဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 

Source&Photo Credit:From Twitter 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T