သံလွင်မြစ်ထဲ ခုန်ချသတ်သေသွားခဲ့တဲ့ ပြည်သူတစ်ဦးကို ပရဟိတသမားတွေက ခဲရာခဲဆစ် ဆယ်ယူခဲ့ရတဲ စိတ်မကောင်းစရာ မြင်ကွင်းတချို့

//s9.kh1.co/eb/eb7782e065b95bdc524af61c6c3f0fe904f1fa0a.jpg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မွန်ပြည်နယ်က၊ မော်လမြိုင်မြို့နယ်တွေထဲမှာ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါကူးစက်မှုကို အရင် ကိုဗစ်လှိုင်းတွေထက် ပိုမို ဆိုးရွားစွာ ခံစားနေရပါတယ်။ ဒီလို ကိုဗစ်ရောဂါခံစားနေရတဲ့ ကြားကနေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မော်လမြိုင်နယ်တွေမှာ ရေကြီးရေလျှံမှုတွေကို ဖြစ်ပေါ်နေခဲ့ပါတယ်။ လက်ရှိမှာတော့ မော်လမြိုင်မြို့နယ်က ပြည်သူတွေဟာ ရောဂါကပ်ဘေးအပြင် သဘာဝကပ်ဘေးကိုပါ ဆိုးဆိုးရွားရွား ကြုံတွေ့နေရရှာပါတယ်။

Photo Credit - Myint Soe fb account
Photo Credit - Myint Soe fb account
Photo Credit - Myint Soe fb account
Photo Credit - Myint Soe fb account
Photo Credit - Myint Soe fb account
Photo Credit - Myint Soe fb account

ဒါ့အပြင် မြို့နေ ပရဟိတအသင်းတွေကလည်း ယခုရက်ပိုင်းမှာ ကိုဗစ်လူနာတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို အတတ်နိုင်ဆုံး ကူညီကယ်ဆယ်ရေးတွေ အပြည့်အဝ လုပ်ကိုင်ပေးနေတာလည်း တွေ့မြင်ရပါတယ်။ ယခုမှာလည်း မော်လမြိုင်မြို့က ရာမညအရေးပေါ် လူမှုကယ်ဆယ်ရေးအသင်းရဲ့ လူမှုကွန်ယက်မှာ စိတ်မကောင်း သတင်းတစ်ခုကို ဖော်ပြပေးခဲ့တာကို တွေ့ရပါတယ်။ ဒါကတော့ ဇူလိုင်လ(၂၇)ရက်နေ့ ညနေပိုင်းလောက်မှာ ဖက်တန်းရပ် ကမ်းနားလမ်းရှိသံလွင်မြစ်ထဲအတွင်း အလောင်းတစ်လောင်းဟာ ရေထဲမျောလာမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Myint Soe fb account
Photo Credit - Myint Soe fb account
Photo Credit - Myint Soe fb account
Photo Credit - Myint Soe fb account
Photo Credit - Myint Soe fb account
Photo Credit - Myint Soe fb account

ရေထဲမျောပါလာတဲ့ အလောင်းကိုတော့ အနီးအနားပြည်သူတွေက တွေ့ရှိခဲ့ပြီး ပရဟိတသမားတွေက ခဲရာခဲဆစ် မြစ်ထဲကနေ ဆယ်ယူခဲ့ရတာကိုလည်း တွေ့မြင်ရပါတယ်။ ပိုပြီး စိတ်မကောင်းစရာကတော့ သေဆုံးသူ အနီး ပတ်ဝန်းကျင်က ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ အဆိုပါသေဆုံးသူဟာ တစ်ဦးတည်သော သားတစ်ယောက်ဖြစ်ပြီး ချစ်ခံစားမှုကြောင့် မြစ်ထဲခုန်ချ သတ်သေသွားတာလို့ ပြောပြထားတာ သိရပါတယ်။ ဒီလိုအဖြစ်မျိုးတွေကလည်း ယခုရက်ပိုင်းမှာ ဖြစ်ပွားမှုကတော့ စိတ်မကောင်းစွာ ပိုမို တွေ့မြင်နေရပါတယ်။

Photo Credit - Myint Soe fb account
Photo Credit - Myint Soe fb account

သတင်း အရင်းအမြစ်Source - Myint Soe fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T