Dead body သယ်တဲ့ ကာဒ်တွေကို သုသာန်တစ်ခုတွင် မတန်တဆဈေးကြီးစွာဖြင့် ဝယ်ယူခဲ့ရပုံကို ရင်ဖွင့်လာတဲ့ ပြည်သူတစ်ဦးရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/41/41a6988dcba66e6da85211c07be3348bf1ef4198.jpeg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုဗစ်ရောဂါကူးစက်မှုများကြောင့် နေ့စဉ်သေဆုံးနေရသူတွေ များပြားနေပြီး သုသာန်များတွင် သဂြိုလ်ဖို့စောင့်ဆိုင်းနေရတဲ့ အခြေအနေဖြစ်နေဆဲ ဖြစ်ပါတယ်။ လူမှုကူညီရေးအသင်းများမှ ပရဟိတသူရဲကောင်းတွေကလည်း PPE ဝတ်စုံတွေ တစ်နေကုန် ဝတ်ဆင်ပြီး ပင်ပန်းနေတဲ့ကြားက ကွယ်လွန်သွားသူများရဲ့ dead body တွေကိုသုသာန်များသို့ ပို့ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။ သူတို့တွေအားလုံး စေတနာပါပါဖြင့် လုပ်ဆောင်ပေးနေကြပေမယ့်လည်း သုသာန်များတွင် ဈာပနပြင်ဆင်ဖို့ လိုအပ်တဲ့ ပစ္စည်းများကို မတော်လောဘဖြင့် ရောင်းချနေတဲ့ လူတွေကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတာတွေအတွက် စိတ်မကောင်း ဖြစ်နေကြရတာပါ။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ပရဟိတလုပ်ဆောင်နေသူတစ်ဦးရဲ့ လူမှုကွန်ယက်တွင် dead body သယ်တဲ့ ကာဒ်ကို ငွေ(၄၀၀၀၀) ဖြင့် ဝယ်ယူခဲ့ရတဲ့ ကျန်ရစ်သူမိသားစုဝင်တစ်ဦးရဲ့ ရင်တွင်းခံစားချက်တွေကို မေးမြန်းထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ဝေမျှပေးထားတာဖြစ်ပါတယ်။ အခုလို ဆိုးရွားတဲ့ အခြေအနေမရောက်ခင်မှာ ကာဒ်ဈေးတန်ဖိုးက ငါးထောင်မကျော်ခဲ့ဘဲ လက်ရှိအနေအထားအရ ရေဝေးသုသာန်နဲ့ထိန်ပင်သုသာန်တွင် ၁၅၀၀၀၊ ၂၀၀၀၀ ဝန်းကျင်သာ ရှိပါတယ်။ သေဆုံးသွားသူတွေကို ကာဒ်မပါဘဲ သယ်လာရသူတွေကတော့ သုသာန်ရှေ့တွင် ရောင်းချတဲ့ ဈေးအတိုင်း ပေးဝယ်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

လက်ရှိဖြစ်နေတဲ့  အခြေအနေတွေကို ပြည်သူများ သိရှိစေဖို့ ပရဟိတလုပ်ဆောင်နေသူတစ်ဦးမှ ဗီဒီယိုရိုက်ကူးပြီး ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ ဒီကာလမှာ စားဝတ်နေရေးအဆင်မပြေသူတွေ များပြားနေပြီး သေဆုံးသွားတဲ့ မိသားစုဝင်တွေကိုတောင် သဂြိုလ်စရိတ်မတတ်နိုင်သူတွေ များစွာရှိနေပါတယ်။ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီတဲ့အနေနဲ့မတန်တဆဈေးတွေ မတင်ကြဖို့ တောင်းဆိုရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T