ကြပ်တည်းနေကြတဲ့သူတွေအတွက် အိမ်ရှေ့လေးမှာ ဟင်းသီးဟင်းရွက်အလှူလေးပြုလုပ်ကာကူညီပေးခဲ့တဲ့ စေတနာရှင်ပြည်သူတစ်ဦး

//s9.kh1.co/0c/0c760eca31bb2694378e8eaae0735809c93d86f9.jpg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်ကူးစက်မှုအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စား၀တ်နေရေးကြပ်တည်းနေကြတဲ့အပြင် သေဆုံးသူဦးရေတွေဟာလည်း နေ့စဉ်နဲ့အမျှ ထောင်နဲ့ချီနေတာဖြစ်ပါတယ်။ အခုလို အခြေအနေအမျိုးမျိုးကြောင့် ပြည်သူချင်း ကူညီထောက်ပံ့မှုတွေပြုလုပ်နေကြပြီး တတ်နိုင်တဲ့ဘက်ကနေ ငွေကြေး၊အစားအသောက်၊ဆေးဝါးစတာတွေကို ကူညီ‌ပေးနေကြတာကိုတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခက်အခဲဒုက္ခတွေကြားမှာ ပြည်သူချင်းသာလျှင် စေတနာရှေ့ထားပြီး ရရာနည်းလမ်းနဲ့အချင်းချင်း ထောက်ပံ့ပေးနေကြရတာပါ။ အလံဖြူ၊ အလံဝါထောင်ထားကြတဲ့အိမ်တွေ တွေ့ရင်လည်း ပြည်သူချင်းကူညီထောက်ပံ့မှုတွေပြုလုပ်နေကြတာကိုတွေ့ရပြီး အခုအခါမှာဆိုရင်လည်း စေတနာရှင်ပြည်သူတစ်ဦးဟာ ဟင်းသီးဟင်းရွက်တွေကို စတုဒီသာပြုကာ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဒီပုံရိပ်လေးတွေဟာဆိုရင် လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံနေပြီး ချီးကျူး၀မ်းသာကြတဲ့ မှတ်ချက်တွေလည်း အများအပြားရခဲ့တာဖြစ်ပါတယ်။ အလှူရှင်ဟာ သူ့ရဲ့အိမ်ရှေ့မှာ ဟင်းသီးဟင်းရွက် အစုံအလင်ကို သန့်ရှင်းသပ်ရပ်စွာနဲ့ခင်းကျင်းပေးထားပြီး ကြပ်တည်းနေကြတဲ့ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T