မိခင်အတွက် ညင်သာအောင် ဆေးပေးမှရတော့မယ့်အခြေအနေကို video callခေါ်ပြီး ရင်နာနာနဲ့သဘောတူလက်ခံလိုက်ရတဲ့ PDF လူငယ်လေးရဲ့ရင်ဖွင့်စကား

//s9.kh1.co/f3/f3b211ef8f9d408274db9a9e9538cb366b7b9330.jpeg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မိခင်အတွက် ညင်သာအောင် ဆေးပေးမှရတော့မယ့်အခြေအနေကို video callခေါ်ပြီး ရင်နာနာနဲ့သဘောတူလက်ခံလိုက်ရတဲ့ PDF လူငယ်လေးရဲ့ရင်ဖွင့်စကား

လက်ရှိမိုးတွင်းကာလမှာတော့ တောထဲရောက်နေကြတဲ့ PDF လူငယ်လေးတွေလည်း ချမ်းချမ်းအေးအေးနဲ့ပဲအဆင်ပြေသလိုနေထိုင်နေရတာဖြစ်ပါတယ်။PDF လူငယ်တွေအကုန်လုံးက မိသားစုရဲ့နွေးထွေးတဲ့ရင်ခွင်ကို ခွဲခွါလာပြီး အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်နေတာဖြစ်ပါတယ်။တချို့PDF လူငယ်လေးတွေဆိုရင် မိဘသေဆုံးသွားတာတောင် နှုတ်ဆက်ခွင့်မရလိုက်ဘဲ အဝေးတစ်နေရာမှာ ဝမ်းနည်းခံစားခဲ့ကြရတာဖြစ်ပါတယ်။

Photo Credit:Original Uploder<br>
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အခုဆိုရင်လည်း PDF လူငယ်လေးတစ်ဦးရဲ့မိခင်က ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရတာဖြစ်ပါတယ်။PDF လူငယ်လေးကတော့ မကျန်းမာတဲ့မိခင်ရဲ့ဘေးနားကိုသွားပြီး ပြုစုလို့မရတဲ့အခြေအနေဖြစ်လို့ အဝေးကနေပဲ Video Call လေးနဲ့ကြည့်နေရတာဖြစ်ပါတယ်။သူနဲ့အတူ ရှေ့တန်းမှာရှိနေတဲ့ ရဲဘော်တွေရဲ့ကျန်းမာရေးနဲ့ လုံခြုံရေးကိုဦးစားပေးခဲ့လို မိခင်ဆီမရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။သူတို့မိသားစုတွေက အခုချိန်မှာ တစ်ယောက်တစ်နေရာစီမှာ ရှိနေကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ရောဂါဝေဒနာတွေခံစားနေရတဲ့ မိခင်အတွက် ညင်သာအောင် ဆေးပေးမှရတော့မယ့်အခြေအနေဖြစ်လို့ PDF လူငယ်လေးနဲ့မိသားစုဝင်တွေလည်း ဆေးပေးဖို့ကို သဘောတူလက်ခံခဲ့ရတာဖြစ်ပါတယ်။PDF လူငယ်လေးကတော့ “ဒီတစ်ခါဒီတိုင်းပြည်အတွက် ကျွန်တော်ပေးလိုက်ရတဲ့ကြေးကကြီးလွန်းပါတယ်”ဆိုပြီး ဝမ်းနည်းနေခဲ့တာဖြစ်ပါတယ်။မိသားစုတွေနဲ့ခွဲခွါပြီး ပြည်သူတွေကိုကာကွယ်ပေးနေတဲ့ PDF လူငယ်လေးရဲ့ခံစားချက်ကိုကိုယ်ချင်းစာမိရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T