ဒီကနေ့ နေ့လည်ပိုင်းတွင်မန္တလေးမြတောင်သပိတ်ဖြိုခွင်းခံရမှုကြောင့် ခါးနဲ့ခြေထောက်ကျည်ထိမှန်သွားခဲ့တဲ့လူငယ်လေး

//s9.kh1.co/ea/ea7a3d61e02b04135289e0dc7f8be830aad92181.jpg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ အရင်လို အင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ရန် မလွယ်ကူတာကြောင့် ပြောက်ကျားသပိတ်တွေဆင်နွှဲကာ အာဏာရှင်စနစ်ကိုအဆုံးထိတော်လှန်နေကြတာဖြစ်ပါတယ်။ ဒါ့ပြင်ကိုဗစ် Third waveလည်း ပြန်လည်ဖြစ်ပေါ်နေတာကြောင့် သပိတ်တွေ အရင်လောက်လူများများနဲ့မထွက်နိုင်ဖြစ်နေတာလည်း တွေ့ရပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Original Uploader
Photo credit-Original Uploader

ခုချိန်မှာ ပြည်သူအားလုံးက ပန်းတိုင်တစ်ခုတည်းကို လျှောက်လှမ်းနေတဲ့ ရင်ဘတ်ချင်း တူညီကြသူတွေမို့ ကိုယ်လုပ်နိုင်တဲ့ နေရာကနေ လုပ်နိုင်တာ မှန်သမျှဆောင်ရွက်နေကြတာပါ။ ကိုဗစ်ကိုခုခံကာကွယ်ဖို့အတွက်လည်းကြိုးစားနေရသလို အာဏာရှင်စနစ်ကိုတော်လှန်ဖို့အတွက် ပြည်သူတွေခမျာနေ့စဉ်နဲ့အမျှကြိုးစားနေကြတာပါ။ အခုလိုအခက်အခဲတွေကြားကနေ ဒီကနေ့ဇူလိုင် 27ရက်နေ့မှာ စစ်အာဏာရှင်တော်လှန်ရေး မန္တလေးမြတောင်သပိတ်စစ်ကြောင်း ထွက်ခဲ့ကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မဟာမုနိဘုရားကြီးအရှေ့မုဒ်တွင် မြတောင်သပိတ်စစ်ကြောင်းက သပိတ်ပြုလုပ်နေစဉ် လက်နက်ကိုင်တပ်ဖွဲ့၀င်များက အရပ်၀တ်တွေနဲ့၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေရှိခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူငယ်လေးတစ်ဦးဖြစ်တဲ့ တိုးတိုးကျော်ဟာ ခါးနဲ့ခြေထောက်ကျည်ထိမှန်သွားခဲ့တယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T