မြ၀တီမြို့ကိုဗစ်စင်တာအတွင်း ရေတွေ၀င်လာတာကြောင့် အောက်ဆီဂျင်ပေးထားရသည့်လူနာများအား အရေးပေါ်ပြောင်းရွှေ့ပေးနေရ

//s9.kh1.co/50/50301cdeff6e12196ff43a1bd70bf0636480e8a1.jpg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ယမန်နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် ကရင်ပြည်နယ်ရှိမြို့နယ်အချို့မှာရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဇူလိုင်လ ၂၆ရက်နေ့တွင်မိုးအဆက်အပြတ်ရွာသွန်းခဲ့ပြီး သောင်းရင်းမြစ်ရေတက်လာကာ ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီမြို့မှာ ရေကြီးမှုဖြစ်ပေါ်နေတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ရေတွေဟာ ဒီကနေ့မနက်ပိုင်းထိကျသွားတာမျိုးမရှိတဲ့အတွက် မြ၀တီမြို့ရှိအိမ်ခြေပေါင်း ၅၀၀နီးပါးရေဘေးသင့်နေတာဖြစ်ပြီး မြို့နေပြည်သူတွေလည်း ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတာပါ။ ဒါ့ပြင် ရွှေမြ၀တီကိုဗစ်စင်တာအတွင်းလည်း ရေတွေ၀င်ခဲ့တာကြောင့် အောက်ဆီဂျင်ရှူနေရတဲ့ လူနာ၁၀၀ကျော်ခန့်ကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတာကို တွေ့ရပါတယ်....။

Photo credit-Original Uploader
Photo credit-Original Uploader

အခုလိုအဘက်ဘက်ကနေ ဒုက္ခကြုံတွေ့နေရချိန်မှာ ရေဘေးပါထပ်မံဖြစ်ပေါ်နေတဲ့အတွက် ပြည်သူတွေခမျာ ခိုကိုးရာမဲ့ဘ၀ကိုရောက်နေကြရပါတယ်။ ညတွင်းချင်းလည်း အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေဖွင့်ကာ ပြည်သူချင်းကူညီပေးနေကြတာလည်း တွေ့ရပြီး လူမှုကွန်ယက်စာမျက်နှာထက်တွေမှာလည်း မြ၀တီမြို့လေးအတွက် စိုးရိမ်ပူပန်နေကြတဲ့ပို့စ်တွေကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T