တာမိုးညဲပြည်သူ့စစ်များက လမ်းသွားလမ်းလာပြည်သူများကို အပြင်ထွက်လို့ဆိုပြီး အကြိမ်ပေါင်းများစွာ ရိုက်နှက်ကန်ကျောက်နေကြတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/7c/7c59c98bb7341c8d3dfddf6209ca94525a23e66e.jpg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

တာမိုးညဲပြည်သူ့စစ်များက လမ်းသွားလမ်းလာပြည်သူများကို အပြင်ထွက်လို့ဆိုပြီး အကြိမ်ပေါင်းများစွာ ရိုက်နှက်ကန်ကျောက်နေကြတဲ့ ဗီဒီယိုဖိုင်

မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ကိုဗစ်ရောဂါကူးစက်မှုတွေပြန်လည်ဖြစ်ပွားနေပြီး ကိုဗစ်ရောဂါကြောင့် ပြည်သူတွေဟာလည်း အသက်သေဆုံးလျက်ရှိနေကြပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် အချို့မြို့ရွာတွေမှာ အပြင်မထွက်ခိုင်းတာမျိုး၊ အပြင်ထွက်ပါက ဒဏ်ငွေပေးဆောင်ရတာမျိုးတွေ ရှိနေခဲ့ပါတယ်။ Julyလ(26)ရက်နေ့ မနေ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်ရှိ တာမိုးညဲပြည်သူ့စစ်များက လမ်းသွားလမ်းလာများဖြစ်ကြတဲ့ ပြည်သူများကို တုတ်တွေနဲ့ရိုက်နှက်ပြီး ကန်ကျောက်နေခဲ့ကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးကို ရိုက်နှက်နေတာဖြစ်ပြီး အခုလိုရိုက်နှက်နေတာဟာ Covid19 ရောဂါကူးစက်ကာလမှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို ဒဏ်ပေးနေတာဖြစ်ကြောင်း သိရှိရပါတယ်။ တစ်ခြားပြည်သူ့စစ်တွေကပါ အကြိမ်ပေါင်းများစွာ ဝိုင်းဝန်းရိုက်နှက်နေတဲ့အပြင် ရိုက်နှက်ပြီးတာတောင် အမျိုးသားတစ်ဦးကို ခြေထောက်တွေနဲ့  လိုက်ကန်နေတာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။ ပြည်သူတွေကတော့ ရိုက်နှက်ကန်ကျောက်နေတဲ့ အဆိုပါဗီဒီယိုဖိုင်ကို ကြည့်ပြီး စိတ်ဆိုးဒေါသဖြစ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဒေသခံပြည်သူတစ်ဦးကတော့ အခုလိုအချက်ပေါင်းများစွာရိုက်နှက်တာဟာ နည်းလမ်းမကျကြောင်း၊ ဒဏ်ပေးတဲ့အနေနဲ့ ဘယ်နချက်ရိုက်ရမယ်ဆိုတာကန့်သတ်ထားသင့်ကြောင်း၊ အခုက ကျွဲ နွားရိုက်သလို ရိုက်နှက်နေတာဖြစ်ကြောင်း၊ ပြည်သူတွေအတွက် Q Centerတွေဖွင့်ပေးတာမျိုး၊Maskတွေပေးဝေတာမျိုးမလုပ်ဘဲ လွတ်လွတ်လပ်လပ်သွားလာနေကြတဲ့ ပြည်သူတွေကို တုတ်တွေနဲ့ရိုက်နှက်နေတာဟာ နှိပ်စက်နေတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ တာမိုးညဲပြည်သူ့စစ်တွေက လမ်းသွားလမ်းလာတွေကို ရိုက်နှက်ကန်ကျောက်နေကြတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T