မင်းတပ်CDFတွေ ဝင်တိုက်တာကို ပြန်လည်ခုခံခြင်းမရှိဘဲ အသာတကြည်အညံ့ခံခဲ့တဲ့ ရဲဝန်ထမ်းတွေရဲ့အကြောင်းကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/fd/fd60fa27d15a3b06896bf69f798dcf3c4bbe2008.jpg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မင်းတပ်CDFတွေ ဝင်တိုက်တာကို ပြန်လည်ခုခံခြင်းမရှိဘဲ အသာတကြည်အညံ့ခံခဲ့တဲ့ ရဲဝန်ထမ်းတွေရဲ့အကြောင်းကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

အာဏာသိမ်းမှုဖြစ်ပွားအပြီး ချင်းပြည်နယ်၊မင်းတပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)တွေနဲ့စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ဇွန်လ(၂၃) ရက်နေ့ကတော့ ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေ​ကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြပြီး နှစ်ဖက်စလုံးအပစ်အခတ်တွေ ရပ်စဲထားခဲ့ကြပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ နှစ်ဖက်အပစ်အခတ်သဘောတူညီချက်ပျက်ပြယ်သွားပြီး တင်းမာမှုတွေရှိလာခဲ့ကာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေကြောင်းသိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပြီးခဲ့တဲ့Julyလ(24)ရက်နေ့ကတော့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မင်းတပ်မြို့ အနောက်တောင်ဘက်ရှိ မကွီအိမ်နူးကျေးရွာအုပ်စု က ရဲစခန်းကို ဝင်ရောက်တိုက်ခဲ့ရာ စခန်းအတွင်းရှိ ရဲတပ်သားတွေအကုန်လုံး အသာတကြည်နဲ့ အညံ့ခံခဲ့ကြောင်း သိရှိရပါတယ်။ ယခုမှာတော့ ပြည်သူတစ်ယောက်က သွေးမြေတစ်စက်မကျဘဲ စခန်းမှူးကိုယ်တိုင်ဦးဆောင်ပြီး အသာတကြည်အညံ့ခံခဲ့တဲ့အကြောင်းအရင်းကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။ အဆိုပါစခန်းရှိရဲတပ်သားတွေဟာ အာဏာသိမ်းမှုဖြစ်ပွားအပြီးတောင် ဒေသခံပြည်သူတွေနဲ့ အခင်အမင်မပျက်ဘဲ ချစ်ခင်ရင်းနှီးမှုရှိခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါစခန်းဟာ ဝေးလံချောင်ဖျားတဲ့အရပ်ဒေသမှာရှိသလို ရဲတပ်သားတွေဟာလည်း အထောက်အပံ့တွေမရရှိဘဲ နှစ်လလောက်အငတ်ခံခဲ့ရတာဖြစ်ပါတယ်။ စစ်ဆင်ရေးအတွေ့အကြုံနဲ့ အရာရှိသက်တမ်းရင့်ပြီဖြစ်တဲ့စခန်းမှူးက ခုခံတိုက်ခိုက်ဖို့ ဆုံးဖြတ်ရင် နှစ်ဖက်ကျဆုံးမှုရှိနိုင်ပေမယ့် အဆိုပါစခန်းရှိရဲတပ်သားတွေက ခင်မင်ရင်းနှီးရတဲ့ ပြည်သူတွေကို ပိုချစ်တာကြောင့် အခုလို အသာတကြည်နဲ့လက်နက်ချခဲ့ရခြင်းဖြစ်တဲ့အကြောင်း ပြည်သူတစ်ယောက်က ပြောပြလာခဲ့တာဖြစ်ပါတယ်။ပြန်လည်ခုခံခြင်းမရှိဘဲ အသာတကြည်နဲ့လက်နက်ချခဲ့ကြတဲ့ ရဲဝန်ထမ်းတွေကို ပြည်သူတွေကို ချီးကျူးနေကြတာဖြစ်ပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T