မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပြည်သူ ပြည်သားတွေကတော့ ရုတ်တရာက် ပြောင်းလဲသွားတဲ့ နိုင်ငံရေး အခြေအနေတွေ အပြင် ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကိုပါ ထပ်မံ ရင်ဆိုင်နေရတာကြောင့် အရာရာ အဆင်မပြေမှုတွေကို ကြုံတွေ့နေကြရပါတယ် ။ အလုပ်တွေလည်း ရပ်နားထားကြရလို့ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ ၊ ကျန်းမာရေး မကောင်းနေသူတွေ အတွက် စားဝတ်နေရေး အရမ်းကို ခက်ခဲနေကြတာပါ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလိုတွေ ပြည်သူတွေ ခက်ခဲနေကြလို့ စေတနာ အလှူရှင်တွေ ပရဟိတ အသင်းတွေ စုပေါင်းပြီး တတ်နိုင်သလောက် ဝိုင်းဝန်းကာ ကူညီထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ ဒါ့အပြင် ဒီရက်ပိုင်းမှ အဆမတန် ဈေးတက်နေတဲ့ ကြက်ဥတွေကိုလည်း တစ်ချို့ အလှူရှင်တွေက ငွေငါးကျပ်နဲ့ ရောင်းပေးတာတွေ ၊ လှူဒါန်ပေးတာတွေ ပြုလုပ်လာကြတာ တကယ်ကြည်နူး ပီတိဖြစ်စရာပါ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ အိမ်ထောင်စုတွေအတွက် ခဏတာပဲဖြစ်ဖြစ် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဆန်တစ်ပြည် (သို့မဟုတ် ) ကြက်ဥ ဆယ်လုံးကို ငွေတစ်ကျပ်နှုန်းနဲ့ ရောင်းပေးနေတဲ့ ပြည်သူတစ်ဦးရဲ့ ပို့စ်လေး ပျံ့နှံ့ခဲ့ပါတယ် ။ ပုံတွေထဲမှာ အလုအယက် လာရောက်ဝယ်ယူပြီး ပျော်ရွှင်နေကြတာကို တွေ့ရတာ အပျော်တွေကူးစက်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဆန်တစ်ပြည် (သို့မဟုတ် ) ကြက်ဥ ဆယ်လုံးကို ငွေတစ်ကျပ်နဲ့ ရောင်းချပေးနေတဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။