အင်အားပြင်းထန်တဲ့ လေမုန်တိုင်းတိုက်ခတ်မှုကြောင့် လမ်းလျှောက်နေတဲ့သူတွေပါ လွင့်စင်ထွက်သွားတဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရဲ့ လက်ရှိအခြေအနေ

//s9.kh1.co/7b/7b072ae76bd58a379bde7869f4bc2b77628774c1.jpeg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ နေရာအနှံ့ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်ထဲက Cempaka နဲ့ In-Fa ဆိုတဲ့ တိုင်ဖွန်းအမွှာမုန်တိုင်းကြီးရဲ့ အဖျားခတ်တဲ့ဒဏ်ကို အကြီးမားဆုံး ခံစားနေရတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟန်နယ်ပြည်နယ် ရှောင်ကျိုးမြို့တော်မှာ ပြီးခဲ့တဲ့ဇူလိုင်လ (၂၀) ရက်နေ့မှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေအောက်မီးရထားလမ်းတွေအထိ နစ်မြုပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ဒီအခြေအနေဟာ ရာစုနှစ်များစွာမှာ အဆိုးရွားဆုံး ရေကြီးမှုတစ်ရပ်ဖြစ်တယ်လို့ သတင်းများအရ သိရှိရပါတယ်။ လူမှုကွန်ယက်များတွင်လည်း တရုတ်နိုင်ငံရဲ့ ရေကြီးမှုအခြေအနေမှတ်တမ်း ဗီဒီယိုဖိုင်များ ပျံ့နှံ့နေတာကိုမြင်တွေ့နေရပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အင်ဖာမုန်တိုင်း ဝင်ရောက်တိုက်ခတ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခု တက်လာခဲ့ပါတယ်။အင်ဖာမုန်တိုင်းဟာ တစ်နာရီ လေတိုက်နှုန်း(၈၆) မိုင် လေပြင်းတိုက်ချိန် (၉၆) မိုင်နှုန်းဖြင့် တရုတ်အရှေ့ပိုင်းကမ်းရိုးတန်းအား ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ဒီဗီဒီယိုဖိုင်ထဲမှာတော့ အင်အားပြင်းထန်လွန်းတဲ့ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူတွေပါ လွင့်စင်ခဲ့တဲ့ အခြေအနေကိုပါ ရောက်ရှိနေပါတယ်။ လမ်းများ၊ဥမင်လမ်းကြောင်းများနှင့် မြေအောက်ရထားလိုင်းစနစ်အတွင်း ရေများဒလဟောဝင်ရောက်ခဲ့ပြီးနောက်ပတ်ဝန်းကျင်မှ လူပေါင်းသိန်းသန်းချီ ရေဘေးဒဏ်ကို ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ ကပ်ရောဂါဆိုးကြီးအပြင် သဘာဝဘေးအန္တရာယ်တွေကိုပါ ရင်ဆိုင်နေရတာဟာ အတော်လေးကို ဆိုးဝါးလှပါတယ်။သဘာဝတရားရဲ့ ဆိုးကျိုးတွေကို အလူးအလဲခံစားနေရတဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိအခြေအနေတွေကိုသိရှိကြစေဖို့အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T