ကပ်ဆိုးအမျိုးမျိုးမှကျော်လွှားနိုင်ဖို့အတွက် ပရိတ်တရားတော်တွေရွတ်ကာ မေတ္တာပို့အမျှဝေခဲ့ကြတဲ့ သံဃာတော်များရဲ့ပုံရိပ်များ

//s9.kh1.co/53/536cbaede742d773bfceafda127987e7ce80cce1.jpg
နေ့စဉ်သတင်းများ

 ၂၆-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမှာ Covid 19တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ တစ်နေ့တစ်ထက်တစ်နေ့ ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်။

ကူးစက်မှုမြန်ဆန်လွန်းတဲ့ ရောဂါဆိုးကြီးရဲ့ ရိုက်ခတ်မှုတွေကြောင့် လူတန်းစားမရွေး သေဆုံးနေကြရသလို အများပြည်သူတွေလည်း စိုးရိမ်ထိတ်လန့်နေကြရတာဖြစ်ပါတယ်....။

Photo credit-Original Uploader
Photo credit-Original Uploader

ဒါ့ပြင်နိုင်ငံရေးအခြေအနေတွေဟာလည်း တစ်နေ့တစ်ခြားဆိုးရွားလာနေပြီး ပြည်သူတွေခမျာ စီးပွားရေးကြပ်တည်းမှုတွေအပြင် စစ်ဘေးဒဏ်တွေကိုပါ အလူးအလဲခံစားနေကြရပါတယ်။ တိုင်းရင်းသား‌ဒေသတွေမှာလည်း စစ်ပွဲတွေကြောင့်သေဆုံးရတဲ့ ပြည်သူတွေများနေသလို ပြည်မဘက်တွေမှာလည်းကိုဗစ်ရဲ့အရှိန်ကြောင့် နေ့စဉ်နဲ့အမျှထောင်နဲ့ချီကာသေဆုံးနေကြရပါတယ်။ အခုလိုအ‌ခြေအနေတွေကြောင့်ဗုဒ္ဓဘာသာ၀င်တွေဟာ ကပ်ရောဂါတွေဝေးကွာစေဖို့ ပရိတ်ရွတ်ဖတ်ပူဇော်နေကြတာကိုတွေ့ရပါတယ်။ ပရိတ်တရားတော်တွေရွတ်ဖတ်ပေးခြင်းအားဖြင့် ရောဂါဘယတွေကင်းဝေစေနိုင်ကြောင်း ရှေးလူကြီးတွေရဲ့အဆိုအရသိရှိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုလိုကပ်ဆိုးအမျိုးမျိုးနဲ့ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက် ဒီကနေ့ဇူလိုင်လ ၂၆ရက်နေ့မှာ စိန်ရတာပရိယတ္တိစာသင်တိုက် (မိတ္ထီလာ)ရှိ သံဃာတော်ရှင်သူမြတ်တွေဟာ ပရိတ်တရားတော်တွေရွတ်ပွားပူဇော်ကြပြီး မေတ္တာပို့အမျှဝေခဲ့ကြပါတယ်။ သံဃာတော်တွေဟာ မိမိတို့သီတင်းသုံးရာ ကျောင်းဆောင်အသီးသီးရဲ့ ၀ရန်တာတွေကနေ ရွတ်ဖတ်ပူဇော်ပေးခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T