အနုပညာလောကရဲ့ တစ်ခေတ်တစ်ခါက အထူးနာမည်ကြီးခဲ့သူတွေ သူတို့ပါတဲ့ MTV တွေ ပြက္ခဒိန်တွေဆို လက်မလည်အောင်ရောင်းရတဲ့အထိ မိန်းကလေးတွေကြား ရေပန်းစားခဲ့သူတွေကို မှတ်မိသေးရဲ့လား ပရိသတ်ကြီးရေ.... သူတို့တွေကတော့ မိုင်းမိုင် ညီညီနေနိုင် ညီညီတာ ပိုင်ဇေရဲထွန်း နဲ့ ရဝေအောင်တို့တွေပဲ ဖြစ်ကြပါတယ်။

အခုတော့ အချို့လည်းအနုပညာအလုပ်တွေရပ်နားထားကြ အချို့ကလည်း အိမ်ထောင်တွေကျ ကလေးတွေရ အချို့လည်း အခုချိန်ထိလူပျိုကြီးတွေလုပ်နေကြတုန်းပါပဲတဲ့ ပရိသတ်ကြီးရေ။ ညီညီနေနိုင်ကတော့ အိမ်ထောင်ကျပြီး သမီးလေးနှစ်ယောက်တောင်ရနေပြီး မိသားစုဘဝလေးကို ပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ မင်းသားပိုင်ဇေရဲထွန်းကလည်းဘအိမ်ထောင်ကျပြီး ကလေးတွေတောင်ရလို့ နေပါပြီတဲ့ ပရိသတ်ကြီးရေ။

ယခုတလောမှာ ညီညီနေနိုင်ရဲ့ ဓာတ်ပုံတွေက လူမှုကွန်ယက်ပေါ်မှာ ပြန်ပြီးရေပန်းစားနေပါတယ်။ "Sai Kham Sam" ဆိုတဲ့ ဆိုင်ကိုလာရောက်အားပေးတဲ့ ညီညီနေနိုင်ကို သူတို့ page ကနေတင်ခဲ့ရာမှ ပရိသတ်တွေတွေ့သွားပြီး နာမည်ကြီးနေပါတယ်။ ငယ်ငယ်တုန်းကကြိုက်ခဲ့ အားပေးခဲ့ရတဲ့ crush ခဲ့ကြရတဲ့ မင်းသားတွေ အခုတော့ ဘယ်လိုတွေပြောင်းလဲသွားကြပြီလည်းဆိုတာ ဓာတ်ပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်နော်........

Photo Source: Nyi Nyi Tar & Sai Kham Sam

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။