ယောကျာ်းတစ်ယောက်တည်းနဲ့ တစ်ချိန်ထဲမှာ ကိုယ်ဝန်အတူတူဆောင်ချင်တဲ့ အမွှာညီအစ်မ

//s9.kh1.co/cc/ccabe487146a15db0887251fab9c32f95a622f89.jpg
နေ့စဉ်သတင်းများ

 ၂၁-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

Australia နိုင်ငံအတွင်းမှာတော့ အသက်လဲတူ ၊ ရုပ်လဲတူ ၊ ခန္ဓာကိုယ်အချိုးအစားလဲတူ ၊ ချစ်ရသူလဲတူတဲ့ Anna နဲ့ Lucy လို့ခေါ်တဲ့ အမွှာညီအစ်မ နှစ်ယောက်ရှိပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ သူတို့ညီအစ်မ နှစ်ယောက်ဟာ 2011 ခုနှစ်လောက်ထဲက အမျိုးသားတစ်ဦးထဲနဲ့ ချစ်ကျွမ်းဝင်ခဲ့ကြသူတွေပဲ ​ဖြစ်ပါတယ်။

သူတို့ရဲ့ ချစ်သူကောင်လေးကတော့ အသက် ၃၇ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ Ben Brynes ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=615,h=618,q=100/0e/0e1ce9be8b0a3133780ea66835d2c0029fa9e795.jpeg
https://s9.kh1.co/__image/w=650,h=390,q=100/b5/b5fd1e8de7335a79e40a793a03829d908b8db356.jpg

သူတို့သုံးယောက် အတူရှိလာခဲ့တာက လက်ရှိအချိန်ထိဆိုရင် ဆယ်နှစ်တာ အတိုင်းအတာထိရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီဆယ်နှစ်တာကာလအတွင်းမှာ သူတို့သုံးယောက်ဟာ အရာအားလုံးကို အတူတူမျှဝေခဲ့ကြပြီး living together အဖြစ်နဲ့ အချိန်တော်တော်များများကို အတူတူဖြတ်သန်းလာခဲ့ကြတာပဲ ဖြစ်ပါတယ်။

လက်တွဲတာကြာမြင့်လာတဲ့ သူတို့သုံးယောက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စေ့စပ်လိုက်ကြပြီဖြစ်ပြီး ဘဝရဲ့မှတ်တိုင်အသစ်ကို စတင်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=541,q=100/34/34992f5d6665a473efec5c2c3fed4ced9a0844bc.jpg
https://s9.kh1.co/__image/w=650,h=323,q=100/64/64e1bfd11c30b04c56acfe5ab1c4d66c9056a8e5.jpg

Australia နိုင်ငံရဲ့ ဥပဒေအရ လူသုံးယောက် လက်ထပ်တာကို ခွင့်မပြုထားတဲ့အတွက် သူတို့ဟာ ခွင့်ပြုတဲ့ အခြားသောနိုင်ငံတွေကို သွားရောက်ပြီး လက်ထပ်ဖို့ပါ စဥ်းစားထားကြပါတယ်။

ဒါ့အပြင် Anna နဲ့ Lucy ဟာ Ben နဲ့အတူ တစ်ချိန်ထဲမှာ ကိုယ်ဝန်ဆောင်ဖို့ စိတ်ကူးထားကြပြီး တစ်ဦးတစ်ယောက်ထဲက စောပြီး ကိုယ်ဝန်ရသွားတာမျိုးကို မလိုချင်ကြဘူးလို့ သိရပါတယ်။

Ben နဲ့ Anna and Lucy တို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်ထဲက လူသိများလာတာဖြစ်ပြီး Ben ကိုတော့ ကံကောင်းလွန်းသူအမျိုးသားလို့ ပြောဆိုနေကြတာတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=732,q=100/c8/c81d5bb7533ddad7ce3c759c0201a92cac079213.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/8d/8d714c48cf03c5b261a41ff86a69dc7e3f812086.jpg
https://s9.kh1.co/__image/w=632,h=505,q=100/9f/9f3235f470241330951de632d28767b70ac0db26.jpg
https://s9.kh1.co/__image/w=559,h=574,q=100/b1/b1f8363c41fcf40bb4f8f3eb6469ddc4726f875e.jpg

သတင်း အရင်းအမြစ်Insider

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T