မမြိုချသင့်တာကို မြိုချမိတာကြောင့် အသက်ပါပေးဆပ်လိုက်ရတဲ့ ချစ်စရာကလေးလေး

//s9.kh1.co/41/417357f0ab9890840be7ace326feafffad188bf4.jpg
နေ့စဉ်သတင်းများ

 ၁၇-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ကလေးငယ်လေးတွေဆိုတာ မျက်မိရှေ့မှာ မြင်ရတဲ့ အရာဝတ္ထုသေးသေးလေးတွေကို တခါတရံမှာ အစာထင်ပြီး မြိုချတတ်ကြပါတယ်။

ဒါ့ကြောင့် မိဘတွေအနေနဲ့လည်း ကလေးငယ်လေးတွေကို တယောက်ထဲအကြာကြီးမထားဘဲ ဂရုတစိုက်စောင့်ကြည့်နေဖို့လိုပါတယ်။

ဂရုမစိုက်ပဲ လွှတ်ထားမိရာကနေ ကလေးတွေဟာ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကိုမြိုချမိရင်း သေဆုံးသွားတဲ့ ဖြစ်ရပ်တွေလည်း အများကြီးမှ အများကြီးပါပဲ။

https://s9.kh1.co/__image/w=650,h=433,q=100/9b/9bb602ea48b485c5cbe527ab34901bc539eacc2e.jpg

ပြီးခဲ့တဲ့ရက်ပိုင်းက Harper-Lee Farnthrope လို့ခေါ်တဲ့ အသက် ၂ နှစ်အရွယ်ကလေးမလေးဟာလည်း မိဘတွေရဲ့အလစ်မှာ remote control ထဲမှာထည့်ထားတဲ့ ဘက်ထရီသေးသေးသေးကို မြိုချမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာ ချစ်စရာကလေးငယ်လေးဟာ ဒီမြိုချမှုကြောင့်​ဖြစ်တဲ့ ဝေဒနာတွေကို ခံစားခဲ့ရသလို မိဘတွေကလည်း ဆေးရုံပို့ပြီး သမီးလေးရဲ့ ဝေဒနာကို ကုစားပေးဖို့ ကြိုးစားခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=615,h=410,q=100/bb/bb400334b25819c3fdfe877a9e3d0c49e76e6451.jpg

ဒါပေမယ့်လည်း သမီးလေးဟာ ဘက်ထရီခဲကို မြိုချပြီး နာရီပိုင်းအကြာမှာပဲ The Royal Stoke University ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

မိဘတွေအနေနဲ့လည်း သူတို့ရဲ့သမီးလေးသေဆုံးသွားတာကိုကြည့်ပြီး ယူကြုံးမရဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး။

ပရိသတ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ကလေးငယ်လေးတွေကို ဒီလိုအဖြစ်အပျက်ဆိုးမျိုးနဲ့ မကြုံရလေအောင် ဂရုစိုက်ကြဖို့ ပြောလိုက်ပါရစေ...

https://s9.kh1.co/__image/w=650,h=433,q=100/9b/9bb602ea48b485c5cbe527ab34901bc539eacc2e.jpg

သတင်း အရင်းအမြစ်Mirror

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T