မီးလောင်နေတဲ့ အခန်းထဲပိတ်မိပြီး ကူရာမဲ့နေပေမယ့် ကယ်တင်ရှင်နဲ့တွေ့ခဲ့တဲ့ ကလေးသုံးယောက်

//s9.kh1.co/d9/d92d67f8f64ae73bc46aade70be6e4158624db2a.jpg
နေ့စဉ်သတင်းများ

 ၁၇-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ရက်ပိုင်းက Russia နိုင်ငံက တိုက်ခန်းတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်လို့ သိရပါတယ်။

၄င်းတိုက်ခန်းမှာ နေထိုင်တဲ့မိဘတွေဟာ ကလေးသုံးယောက်ကို ကို သော့ပိတ်ပြီး အပြင်သွားနေတဲ့အတွက် မီးလောင်တာကို မသိရှိသလို ကလေးတွေကလည်း အထဲမှာ ကူရာမဲ့နေခဲ့ပါတယ်။

မီးလောင်တာကို သိတဲ့ အိမ်နီးချင်းတွေက အခန်းတံခါးဖျက်ပီး ဝင်ကယ်ဖို့ကြိုးစားပေမယ့် တံခါးကဖျက်မရခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=982,q=100/b2/b29452bfbcfd334a2b53704496f836f176e6a897.webp

ဒါ့ကြောင့် Stanislav Smirnov လို့ခေါ်တဲ့အမျိုးသားဟာ နံရံမှာရှိတဲ့ ပိုက်ကနေပဲ မီးလောင်မှုဖြစ်ပွားတဲ့ သုံးလွှာကအခန်းကို တွယ်တက်သွားခဲ့ပါတယ်။

သူ့ရဲ့အောက် ဒုတိယ အလွှာမှာတော့ Dhamal Gassoyanလို့ခေါ်တဲ့အမျိုးသားက နေရာယူထားပြီး မြေညီထပ်ရဲ့ ပြတင်းပေါက်မှာလည်း Ivan Potyomin လို့ခေါ်တဲ့အမျိုးသားက နေရာယူထားခဲ့ပါတယ်။

မြေကြီးပေါ်မှာတော့ သူတို့ပစ်ချပေးမယ့် ကလေးကိုဖမ်းဖို့ လူလေးယောက်က နေရာယူထားတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=1150,q=100/9d/9d5ab12c3119a5f7f84f1f38da40dc526cf1e6b9.webp

အဲ့ဒီနောက်မှာတော့ သူတို့ဟာ အခန်းထဲမှာ ပိတ်မိနေတဲ့ ကလေးသုံးယောက်ကို တစ်ယောက်ချင်းစီ ပြတင်းပေါက်ကဆွဲထုတ်ကာ လူသားလှေကားပုံစံနဲ့ တစ်ဆင့်ချင်းစီ လက်ဆင့်ကမ်းပြီး အောက်ကိုရောက်အောင် ကယ်တင်ပေးခဲ့ကြပါတယ်။

အောက်ကိုရောက်လာချိန်မှာတော့ ကလေးတစ်ယောက်ရဲ့ဆံပင်ဟာ မီးနည်းနည်းလောင်ထားတယ်လို့ သိရပါတယ်။

မီးသတ်သမားတွေကလည်း သတင်းရရချင်းထွက်လာကြပေမယ့် အခြေအနေအရ မီးသတ်သမားတွေကိုသာ စောင့်နေမယ်ဆိုရင် ဒီကလေးတွေဟာ အသက်ရှင်နိုင်ဖို့ မသေချာပါဘူး။

သို့ပေမယ့်လည်း ကံကောင်းလွန်းတဲ့ ကလေးသုံးယောက်ကတော့ ကယ်တင်ရှင်တွေနဲ့တွေ့ပြီး အသက်ဘေးကနေ လွတ်မြောက်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=1229,q=100/71/71306388f4616b1567693e312f75d93d25a4d3bd.webp
https://s9.kh1.co/__image/w=650,h=654,q=100/21/216d2427233339b6aee59deb236b800ee2467067.webp

သတင်း အရင်းအမြစ်The Sun

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T