မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက ဒီကနေ့အပါအဝင် ရက်ပေါင်း ၆၄ရက်ကြာရှိပြီဖြစ်ပေမယ့်လည်း ပြည်သူတွေက အားမလျော့ပဲ ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ တချို့သော ပြည်သူတွေကလည်း လက်ရှိအခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေကြတာဖြစ်ပြီး အကူအညီလိုအပ်နေကြတာ ဖြစ်ပါတယ်။
အခုလို အချိန်မျိုးမှာ ပြည်သူတွေက စည်းစည်းလုံးလုံးနဲ့အပြန်အလှန် ဖေးမကူညီကြတာဖြစ်ပြီး တစ်ယောက်အခက်အခဲကို တစ်ယောက်က မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပရဟိတအသင်းတွေကလည်း အလှူရှင်တွေထံက အလှူငွေကောက်ခံပြီး လိုအပ်တဲ့နေရာတွေမှာ သွားရောက်လှူဒါန်းတာဖြစ်ပါတယ်။ ဘိုစိန် လူမှုကယ်ဆယ်ရေးအသင်းဟာဆိုရင်လည်း မနေ့က မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့ ဘုန်းကြီးလမ်း မာဃလမ်းက အိမ်ထောင်စု ၁၈၀၀ ကျော်အတွက် ဟင်းသီးဟင်းရွက်တွေကို ဝေငှလှူဒါန်းပေးခဲ့ပါတယ်။
တစ်အိမ်တစ်ယောက်ထွက်ကာ နှစ်သက်ရာ ဟင်းသီးဟင်းရွက်တစ်မျိုးစီကို ယူစေတာဖြစ်ပြီး တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ လှူဒါန်းနေခဲ့တာဖြစ်ပါတယ်။ လူနေသိပ့်သည်းကာ အိမ်ခြေစိတ်တဲ့ ရပ်ကွက်ဖြစ်တာကြောင့် ကားတစ်စီးလုံးအပြည့်တင်ဆောင်လာတဲ့ ဟင်းသီးဟင်းရွက်တွေက ခဏလေးနဲ့ ကုန်ခဲ့တဲ့တာလည်း ဖြစ်ပါတယ်။ အခုလို အခြေအနေတွေမှာ ပြည်သူအချင်းချင်းဖေးမကူညီကာ လှူဒါန်းနေတဲ့ ပုံရိပ်တွေက တကယ်ကို ကြည်နူးစရာကောင်းတာဖြစ်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source & Photo Credit - ဘိုစိန်'s Facebook Account