လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလုထုအနေနဲ့ လူထုလှုပ်ရှားမှုတွေကို တတ်နိုင်တဲ့ဘက်ကနေနည်းလမ်းမျိုးစုံနဲ့ ကြိုးစားလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ရက်ပေါင်း (၄၀)ကျော်ကြာမြင့်နေပြီဖြစ်တဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင်ဖြိုခွင်းမှုတွေလည်း ဆက်တိုက်ကြုံတွေ့နေရတာဖြစ်ပြီးတော့ ထိခိုက်ကျဆုံးသူတွေလည်းများပြားလာနေတာတွေ့ရပါတယ်......။
အခုလိုထိခိုက်ကျဆုံးမှုတွေများပြားလာနေပေမယ့်လည်း ဒီမိုကရေစီလိုလားကြတဲ့ပြည်သူတိုင်းဟာ အားမလျှော့ကြပဲဆက်လက်ပြီး လှုပ်ရှားမှုတွေကိုပြုလုပ်နေကြတာဖြစ်ပါတယ်။ ယနေ့ မတ်လ (၂၀)ရက်နေ့ နေ့လည်ပိုင်းမှာဆိုရင်လည်း ကျောက်မြောင်း၊တာမွေတို့မှာ ဖြိုခွင်းမှုတွေကြောင့် ပြည်သူတစ်ဦးကျဆုံးခဲ့ရတာဖြစ်ပါတယ်.....။
ဒီအကြောင်းအရာနဲ့ပက်သက်ပြီး Twitterမှာချက်ချင်းပျံ့နှံ့လာကာ အနုပညာရှင်တွေအပါအ၀င် သတင်းထောက်များသာမက Twitterအသုံးပြုသူအတော်များများကလည်း တင်ပေးလာကြတာဖြစ်ပါတယ်။ အခုလိုပျံ့နှံ့လာတဲ့ အကြောင်းအရာပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Myanmarload