ယနေ့မတ်လ ၁၉ရက်နေ့တွင်ဖြစ်ပေါ်ခဲ့တဲ့ အောင်ပန်းမြို့အခြေအနေနဲ့ပက်သက်ပြီး Twitterမှာပျံ့နှံ့လာတဲ့သတင်းအကြောင်းအရာများ

//s9.kh1.co/1c/1c5eaa7c42ac68fc1a6d8136dbebfdf93c67ec77.jpg
နေ့စဉ်သတင်းများ

 ၁၉-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁)ရက်နေ့တည်းကစကာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် ပြည်သူအများအပြားလမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ အခုဆိုရင် ရက်ပေါင်း (၄၀)ကျော်ကြာမြင့်နေပြီဖြစ်ပြီးတော့မြန်မာပြည်အနှံ့ကမြို့နယ်တွေအရှိန်အဟုန်ကောင်းစွာနဲ့ဆက်လက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်.....။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

လူထုလှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့ကြိုးစားလာကြတာဖြစ်ပြီး ညဘက်တွေမှာပါ ဆီမီးထွန်းကြရင်းပြုလုပ်ကြသလို လူမဲ့သပိတ်တွေအနေနဲ့လည်း နေရာအနှံ့မှာပြုလုပ်လာကြတာကိုတွေ့ရပါတယ်။ အခုလိုလူထုလှုပ်ရှားမှုတွေကိုလုပ်ဆောင်နေပေမယ့်လည်း တစ်ဖက်ကနေဖြိုခွင်းမှုတွေကိုဆက်တိုက်ပြုလုပ်လာကြတာဖြစ်ပြီး ထိခိုက်ကျဆုံးသူတွေလည်း တစ်ဆထက်တစ်ဆများပြားလာတာလည်းဖြစ်ပါတယ်......။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ယနေ့မတ်လ (၁၉)ရက်နေ့မှာဆိုရင် အောင်ပန်းမြို့မှာဖြိုခွင်းမှုတွေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ အခုလိုဖြစ်ပေါ်လာတဲ့အခြေအနေတွေကို ပြည်သူလူထုဟာ Twitterမှာတင်ပေးခဲ့ကြတာဖြစ်ပြီး အနုပညာရှင်တွေအပါအ၀င် နိုင်ငံတကာသတင်းထောက်တွေကပါ ရေးသားတင်ဆက်လာခဲ့‌ကြောင်းကိုပရိသတ်တွေအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်......။

Photo credit-Twitter acc
Photo credit-Twitter acc

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T