ကျောက်မြောင်းနဲ့တာမွေတို့မှာ ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီး Twitterမှာချက်ချင်းပျံ့နှံ့လာတဲ့သတင်းဓာတ်ပုံများ

//s9.kh1.co/e8/e80dc7686167d1c024749c3f5cf9c9d781f753fa.jpg
နေ့စဉ်သတင်းများ

 ၁၈-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလုထုအနေနဲ့တတ်အားသရွေ့လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေအရှိန်အဟုန်မြင့်လာနေတာဖြစ်ပြီး မြန်မာပြည်သူလုထုဟာ လက်ရှိအခြေအနေမှာဆိုရင် social media platformsအနေနဲ့ Facebookကိုသာမက Twitterကိုပါကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

အနုပညာရှင်တွေကိုယ်တိုင်ကလည်း Twitterကနေတစ်ဆင့် လတ်တလောဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုသတင်းအကြောင်းအရာတွေကို စဉ်ဆက်မပြတ်တင်ပေးနေကြတာလည်းဖြစ်ပြီး Twitterအသုံးပြုသူများအနေနဲ့လည်း မြန်မာနိုင်ငံအနှံ့မှာဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုပုံရိပ်တွေနဲ့ ဖြိုခွင်းမှုအကြောင်းအရာတွေကို တောက်လျှောက်တင်ပေးနေတာဖြစ်ပါတယ်။ အခုလို လူထုလှုပ်ရှားမှုအတွင်းမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို Twitterမှာပြည်သူလူထုအပါအ၀င် သတင်းထောက်တွေပါတင်ပေးနေကြတာဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့အားပေး၀န်းရံမှုတွေကိုပါရရှိတာကိုတွေ့ရပါတယ်......။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ယနေ့မတ်လ (၁၈)ရက်နေ့မှာဆိုရင်လည်း‌ရန်ကုန်တိုင်းအတွင်းရှိ ကျောက်မြောင်းနဲ့တာမွေမြို့နယ်တွေမှာ လူထုလှုပ်ရှားမှုတွေကိုအရှိန်အဟုန်ပြင်းပြင်းနဲ့လုပ်ဆောင်နေကြတာဖြစ်ပြီး ဖြိုခွင်းမှုတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ အခုလိုဖြိုခွင်းမှုအခြေအနေတွေနဲ့ပက်သက်ပြီး သတင်းဓာတ်ပုံတွေဟာ Twitterမှာပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ အခုလိုပျံ့နှံ့လာတဲ့ပုံရိပ်အချို့ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်.......။

Photo credit-Twitter acc
Photo credit-Twitter acc

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T