လတ်တလော နေရာဒေသအသီးသီးမှာ အမှန်တရားကိုလိုလားကြတဲ့ ပြည်သူတွေက အားကြိုးမာန်တက်ဖြင့် တရားမျှတတဲ့ဒီမီုကရေစီကို ပြန်လည်တည်ဆောက်နိုင်ဖို့ လူထုလှုပ်ရှားမှုတွေကို နေ့စဥ်ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်နေကြတဲ့ လူထုလှုပ်ရှားမှုတွေကို အတားအဆီးတွေရှိနေပြီး အသက်ပေးလိုက်ရတဲ့ ပြည်သူတွေရှိနေပေမယ့် မလျော့သောဇွဲတွေနဲ့ မကြောက်မရွံ့ပဲ လူငယ်တွေက ဆက်လက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။
မြို့ကြီးတွေရဲ့ အဓိကလမ်းမကြီး နှင့် လမ်းသွယ်များမှာ လူငယ်တွေဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို ရော်ဘာကျည်၊ မျက်ရည်ယိုဗုံးများ၊ အသံဗုံး စတာတွေကို အသုံးပြု ဖြိုခွင်းတာတွေကိုလည်း တွေ့ရပါတယ်။ ယနေ့ မတ်လ (၇)ရက် ရန်ကုန်မြို့ ကမာရွတ်ဗဟိုလမ်းမပေါ်မှာ ရပ်ကွက်နေပြည်သူများနဲ့ ကျောင်းသားလူငယ်တွေက အေးချမ်းစွာ ထိုင်သပိတ်ဖြင့်လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ယင်း လှုပ်ရှားမှုမှာတော့ လူငယ်တွေက ရေထုပ်တွေနဲ့ အိမ်သုံးစောင်တွေကိုပါ လမ်းမပေါ်မှာချထားသလို လက်လုပ်ဒိုင်းကာတွေလည်း ပြင်ဆင်ထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ဂီတဝါသနာရှင်လူငယ်တွေကလည်း စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေနဲ့ တီးခတ်ပြီး သံပြိုင်ဟစ်ကြွေး သီဆိုခဲ့ကြပါတယ်။ ယင်းလူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူတစ်ဦးက "ငြိမ်းချမ်းစွာပဲ ဆန္ဒထုတ်ဖော်ကြပါတယ် ပြန်ခုခံတိုက်ခိုက်တာမျိုးလည်း ရှောင်ပါတယ်" ဆိုပြီး Myanmarload သို့ပြောပါတယ်။ကဲ..Myanmarload ပရိသတ်တွေအတွက် ယနေ့ ကမာရွတ်ဗဟိုလမ်းပေါ်က ထိုင်သပိတ်လှုပ်ရှားမှုတစ်ခုကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - MyanmarloadTV