Model လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သီရိရှင်းသန့်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သီရိဟာ ရှမ်းတိုင်းရင်းသူလေးတစ်ယောက် ဖြစ်ပြီး အနုပညာမျိုးရိုးမရှိဘဲ ကိုယ့်ဒူးကိုယ်ချွန်ကာ ကြိုးစားလျှောက်လှမ်းခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd- Thiri Shin Thant’s Facebook Account
Photo Crd- Thiri Shin Thant’s Facebook Account
Photo Crd- Thiri Shin Thant’s Facebook Account

သူမဟာ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ အရင်ကလောက် မရှိတော့ဘဲ Travel & Life Style Blogger တစ်ယောက်အဖြစ် ရပ်တည်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မလုပ်တော့ ပေမယ့်လည်း ပရိသတ်တွေကတော့ ယနေ့ချိန်အထိ အားပေး ချစ်ခင် နေကြဆဲပါပဲနော်။ သူမဟာ အားလပ်ချိန်များမှာလည်း Tik Tok လေးတွေ ဆော့ကစားလေ့ ရှိတာလည်း ဖြစ်ပါတယ်။

Photo Crd- Thiri Shin Thant’s Tik Tok Account
Photo Crd- Thiri Shin Thant’s Tik Tok Account
Photo Crd- Thiri Shin Thant’s Tik Tok Account

မနေ့ကလည်း သီရိရှင်းသန့်ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သီချင်းတီးလုံးအတိုင်း ကိုယ်လုံးလေးကိုလှုပ်ခါကာ အမိုက်စားကနေတဲ့ သီရိရှင်းသန့်ရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thiri Shin Thant’s Facebook and Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။