Model စူးရှထက်ကတော့ အမိုက်စားပုံရိပ်တွေနဲ့ ပုရိသတွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားအောင်မြင်လာခဲ့သူလေး ဖြစ်ပါတယ် ။ ဘေဘီလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်တဲ့ စူးရှထက်က သီချင်းဗီဒီယိုလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ် ။ အခုတော့ စူးရှထက်က အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကိုသာ အာရုံစိုက်ပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc

စူးရှထက်က ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်ကာ သူမကိုယ်တိုင်ဦးစီးပြီး ရောင်းချနေတာလည်း ဖြစ်ပါတယ် ။ အရင်လိုအလှပုံရိပ်လေးတွေ သိပ်မတင်ဖြစ်တော့တဲ့ စူးရှထက်က ပရိသတ်တွေအလွမ်းပြေစေဖို့ တစ်ခါတစ်ရံမှာတော့ Tik Tok ဗီဒီယိုလေးတွေကို မျှဝေလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း စူးရှထက်က ဟန်ပန်အမူအရာမျိုးစုံနဲ့ တစ်ယောက်တည်း အပီအပြင် Tik Tok ကစားပြလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc
Photo Credit-Sue Sha Htet's FB Acc

လတ်တလောမှာရေပန်းစားနေတဲ့ သီချင်းလေးတွေနဲ့ Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးနေတဲ့ စူးရှထက်တစ်ယောက် အလွဲလေးတွေဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ် ။ စူးရှထက်က စတိုင်လ်အပြည့်နဲ့ ပဲပေးနေရင်း ခေါက်ဆွဲပူပူကြီးကို သတိမေ့ပြီး စားမိသွားတာပဲ ဖြစ်ပါတယ် ။ ကဲ တစ်မျိုးလေးချစ်ဖို့ကောင်းနေတဲ့ ဘေဘီစူးရှထက်ရဲ့ အခွီ Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Zar Chi's Tik Tok Acc

@30437494561

original sound - Double U (W)
@30437494561

Mi Pan Su Sus - .

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။