မြန်​မာနိုင်​ငံမှာ ရုပ်​ရှင်​ထုတ်​လုပ်​​ရေးလုပ်ငန်းကို 1920 ကတည်​းက စတင်ခဲ့ပါတယ်​။ ပထမဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ ဦးထွန်​းရှိန်​စျာပနာအခမ်​းအနားကို လန်​ဒန်​အက်​ ဦးအုန်​း​မောင်​ရိုက်​တဲ့ မှတ်​တမ်​းဇာတ်​ကား ဖြစ်ပါတယ်။

​အဲဒီနောက်​ ဦးအုန်းမောင်ဟာ ဘားမားဖလင်​တိုက်ကို တည်ထောင်​ခဲ့ပြီး ပထမဦးဆုံး ရုံတင်တဲ့ ဇာတ်ကားကတော့​ ''မေတ္တာနှင်​့သူရာ'' ဖြစ်ပါတယ်။ ထိုဇာတ်ကားရဲ့ ဇာတ်ဆောင်တွေအဖြစ် ဦးညီပုနဲ့ မရီ တို့က ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။

''မေတ္တာနှင့်သူရာ'' ထွက်ရှိပြီး 32 နှစ်​အကြာ 1952 ခုနှစ်မှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (အကယ်​ဒမီဆုပေးပွဲ) ကိုစတင်ခဲ့ပြီး ရုပ်ရှင်နယ်ပယ်သားတွေကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ ထိုဆုပေးပွဲမှာ ချီးမြှင့်ခဲ့တာတွေကတော့ အကောင်းဆုံးဇာတ်ကားဆု (Best Picture) 3 ဆု - ပထမ ဒုတိယ တတိယ ၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု (Best Actor) 1 ဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု (Best Actress) 1 ဆု စသည်ဖြင့် စုစုပေါင်း 5 ဆု ချီးမြှင့်ခဲ့ပါတယ်။

ပထမအ​ကောင်​းဆုံးဇာတ်​ကားဆု အဖြစ် (ရွှေကိန္နရီရုပ်​)

ဒုတိယအ​ကောင်​းဆုံးဇာတ်​ကားဆု အဖြစ် (ငွေ​ဒေါင်​းရုပ်​)

တတိယအ​ကောင်​းဆုံးဇာတ်​ကားဆု အဖြစ် (ကြေးခြ​င်္သေ့ရုပ်​)

အ​ကောင်​းဆုံး အမျိုးသားသရုပ်ဆောင်ဆု အဖြစ် (ရွှေရင်​ထိုး)

အ​ကောင်​းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု အဖြစ် (ရွှေရင်​ထိုး) တို့ ပေးအပ်ချီးမြှင့်ခဲ့တယ်။

Best Picture ပထမဆုံးရရှိသော ဇာတ်ကားမှာ အေဝမ်းဦးတင်မောင် ရိုက်ကူးခဲ့တဲ့ ''ချစ်သက်ဝေ'' ဇာတ်ကားဖြစ်ပြီး Best Actor ပထမဆုံးရသူမှာ ''ကျော်ဝင်း'' နဲ့ Best Actress ပထမဆုံးရသူမှာ ''ကြည်ကြည်ဌေး'' တို့ဖြစ်ပါတယ်။

1954 ခုနှစ်တွင်စတင်၍ -

အကောင်းဆုံးဒါရိုက်တာဆု (Best Director) ကိုစတင်ချီးမြှင့်ခဲ့ပါတယ်။ ပထမဆုံးရသူမှာ ''သြော်မိန်းမ'' ဇာတ်ကားဖြင့် ''ဦးသုခ'' ပါ။

1956 ခုနှစ်တွင်စတင်၍ -

အကောင်းဆုံးဓါတ်ပုံဆု (Best Cinematography) ဆုကိုချီးမြှင့်ခဲ့ပြီး ''ချစ်ဖွယ်'' က ''လွမ်းငွေ့တဝေဝေ'' ဇာတ်ကားဖြင့် စတင်ရရှိခဲ့ပါတယ်။

1962 ခုနှစ်တွင်စတင်၍ -

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု (Best Supporting Actor) နှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (Best Supporting Actress) တို့ကို ချီးမြှင့်ခဲ့ပြီး သရုပ်ဆောင် ''ဦးကျောက်လုံး'' က ''အတွေ့'' ဇာတ်ကားဖြင့်လည်းကောင်း၊ သရုပ်ဆောင် ''မေနွဲ့'' က ''ရွှေရင်သိမ်းသစ်'' ဇာတ်ကားဖြင့်လည်းကောင်း ရရှိခဲ့ပါတယ်။

1991 ခုနှစ်တွင်စတင်၍ -

အကောင်းဆုံးဂီတဆု (Best Music) ဆုကိုချီးမြှင့်ခဲ့ပြီး ''ဂီတလုလင်မောင်ကိုကို'' က ''မယ်သီတာလိုမိန်းကလေး'' ဇာတ်ကားဖြင့် စတင်ရရှိခဲ့ပါတယ်။

1994 ခုနှစ်တွင်စတင်၍ -

အကောင်းဆုံးအသံဆု (Best Sound) ဆုကိုချီးမြှင့်ခဲ့ပြီး ''ခင်ဦး'' က ''သရဖူ'' ဇာတ်ကားဖြင့် စတင်ရရှိခဲ့ပါတယ်။

1995 ခုနှစ်တွင်စတင်၍ -

အကောင်းဆုံးဇာတ်ညွှန်းဆု (Best Screenplay) ဆုကိုချီးမြှင့်ခဲ့ပြီး ''အောင်ကျည်ထွဏ်း'' က ''တိုက်ပွဲခေါ်သံ'' ဇာတ်ကားဖြင့် စတင်ရရှိခဲ့ပါတယ်။

1997 ခုနှစ်တွင်စတင်၍ -

အကောင်းဆုံးတည်းဖြတ်ဆု (Best Editing) ဆုကိုချီးမြှင့်ခဲ့ပြီး ''ဦးမြင့်ခိုင်'' က ''သူ့ကျွန်မခံပြီ'' ဇာတ်ကားဖြင့် စတင်ရရှိခဲ့ပါတယ်။

မြန်မာ့အကယ်ဒမီသမိုင်းတွင် အကယ်ဒမီအများဆုံး ရရှိထားသူများမှာ -

1. ညွန့်ဝင်း (သရုပ်ဆောင်) - ၇ ဆု

2. ဦးသုခ (ဒါရိုက်တာ) - ၆ ဆု

3. သန်းညွန့် (ဓါတ်ပုံပညာရှင်) - ၆ ဆု

4. ရန်အောင် (သရုပ်ဆောင်) - ၆ ဆု

5. မြင့်မြင့်ခင် (သရုပ်ဆောင်) - ၅ ဆု

6. မောင်တင်ဦး (ဒါရိုက်တာ) - ၅ ဆု

7. ကျော်ဟိန်း (သရုပ်ဆောင်) - ၅ ဆု

8. မို့မို့မြင့်အောင် (သရုပ်ဆောင်) - ၅ ဆု

9. ကြည်စိုးထွန်း (ဒါရိုက်တာ) - ၅ ဆု

10. မေသန်းနု (သရုပ်ဆောင်) - ၅ ဆု တို့ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်အကယ်ဒမီ သမိုင်းမှာ ရှားရှားပါးပါး ကလေးသရုပ်ဆောင်ဆု ရရှိခဲ့သူ 3 ယောက်နဲ့ အထူးဆုရရှိသူ 2 ယောက်ရှိပါတယ်။

ကလေးသရုပ်ဆောင်ဆုကို -

1977 မှာ​ အောင်​ထွန်​း​လေး ( အ​ဖေတစ်​ခု သားတစ်​ခု )

1999 မှာ အိဖြူစိုး ( ရင်​ထဲက ​ဆောင်​းရာသီ )

2012 မှာ ယွန်​းယွန်​း ( တိမ်​မင်​းသမီးရဲ့ဒဏ္ဏာရီ ) တို့နဲ့

အထူးဆုကို -

1955 မှာ ဝင်းမာ ( ဖိုးပြုံးချို )

1978 မှာ အင်္ဂလန်စိန် ( မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ ) တို့ရရှိခဲ့ပါတယ်။ မြန်မာ့အကယ်ဒမီဆုပေးပွဲကို 1963, 1986, 1987, 1988 (4) နှစ်မှလွဲ၍ စတင်ကျင်းပသည့် 1952 ခုနှစ်မှ ယနေ့အထိ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ထပ်ပြီး အကယ်ဒမီအများဆုံးရရှိထားတဲ့ ဇာတ်ကားစာရင်းကို ဆက်လက်ဖော်ပြထားပြီး ဘယ်ဇာတ်ကားဟာဖြင့် ထိုက်တန်မှုရှိတယ်၊ ဘယ်ဇာတ်ကားဟာဖြင့် ထိုက်တန်မှုမရှိဘူးဆိုတာကို ဝေဖန်သုံးသပ်နိုင်စေဖို့ အထောက်အကူပြု တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

(*) ပြထားတာတွေကတော့ အကောင်းဆုံးဇာတ်ကားဆု နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ရရှိထားတာတွေဖြစ်ပါတယ်။

(2015 အထိသာ)

အကယ်ဒမီ (၈) ဆု

==========

1. ထာဝရအလင်းတန်းများ*(2011) - ထွန်းအောင်ဇော်*

အကယ်ဒမီ (၇) ဆု

==========

1. အမေ့နို့ဖိုး*(2003) - ကျော်သူ*

2. လျှို့ဝှက်သောနှင်း*(2004) - စင်ရော်မောင်မောင်*

အကယ်ဒမီ (၆) ဆု

==========

1. ငါသူတစ်ပါးယောကျင်္ားမိန်းမ*(2002) - ပန်းချီစိုးမိုး*

အကယ်ဒမီ (၅) ဆု

==========

1. တိုက်ပွဲခေါ်သံ*(1995) - မောင်တင်ဦး*

2. မြင့်မြတ်နှလုံးသား (1997) - မောင်တင်ဦး

3. နှလုံးလှလူမိုက်*(2001) - မောင်တင်ဦး*

4. ဆန်ရေ*(2002) - ကြည်စိုးထွန်း*

5. ကိုးဆယ်ဆသာလိမ့်မယ်*(2007) - မောင်ယဉ်အောင်*

6. ပင်လယ်ထက်ကနေဝန်းနီ (2010) - ခင်မောင်ဦး စိုးသိမ်းထွဋ်*

7. ကောင်းကျိုးကိုယ်၌တည်စေမင်း*(2014) - ဒါရိုက်တာဇေ

အကယ်ဒမီ (၄) ဆု

==========

1. ကကြီးရေက (1959) - သာဓု*

2. ရွှေချည်ငွေချည်တန်းပါလို့*(1975) - ဦးသုခ*

3. တစ်ခါကတစ်ဘဝ (1978) - မောင်တင်ဦး*

4. သီတာခုနှစ်တန်*(1993) - မောင်နန္ဒ*

5. တပြည်သူမရွှေထား*(1994) - စင်ရော်မောင်မောင်*

6. ပန်းသခင်*(1996) - ကြည်မြင့်*

7. သူ့ကျွန်မခံပြီ*(1997) - ကြည်စိုးထွန်း*

8. ငရဲသား*(2000) - သီဟတင်စိုး*

9. ကျန်စစ်မင်း*(2005) - လူမင်း

10. ဆဋ္ဌဂံ (2005) - ကြည်စိုးထွန်း*

11. မျှော်လင့်ခြင်းများစွာ*(2006) - မောင်မျိုးမင်း (ရင်တွင်းဖြစ်)*

12. အများနဲ့မသက်ဆိုင်သောသူ*(2008) - ညီညီထွန်းလွင်*

အကယ်ဒမီ (၃) ဆု

==========

1. ဖိုးပြုံးချို*(1955) - အေဝမ်းဦးတင်မောင်

2. ဘဝသံသရာ*(1956) - ဦးသုခ*

3. ဖြေလျော့ခွေ (1958) - ဦးချစ်ခင်*

4. ကိုယ်ပိုင်မေတ္တာ*(1961) -

5. စကားပြောသောအသဲနှလုံး*(1968) - ဦးသုခ*

6. ဘယ်သူပြိုင်လို့လှပတော့နိုင်*(1973) - ဦးသုခ*

7. အကာကအချစ်၊ အနှစ်ကမေတ္တာ (1979) -

8. ကြည်ပြာ*(1980) - ကြည်မြင့်*

9. သင်္ကြန်မိုး*(1985) - မောင်တင်ဦး*

10. ပန်းသီတဲ့ကြိုး (1985) -

11. ခုနှစ်စဉ်အလွမ်း (1990) - မောင်ဝဏ္ဏ*

12. ပုဂံမှာသာတဲ့လ (1995) - စင်ရော်မောင်မောင်

13. အနှိုင်းမဲ့ရင်ခွင်*(1998) - မလိခစိုးထိုက်အောင်*

14. ရင်ထဲကဆောင်းရာသီ (1999) - မောင်ဝဏ္ဏ

15. တောင်သမန်သစ္စာ (2006) - မောင်နန္ဒ

16. ပန်းပျိုးသူတို့အလင်္ကာ (2006) - ဟိန်းစိုး

17. အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်*(2010) - ဝိုင်း

18. ဥ (2012) - ကိုဇော် (အာရုဏ်ဦး)*

19. နင်စေရင် (2013) - ဝိုင်း

20. နှလုံးသားတွင်ပြုလုပ်သည် (2014) - ဝိုင်း

Source : M-MDB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။