သင့်ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ပိုလှတဲ့ခန္ဓာကိုယ်ဖြစ်လာအောင် စားသောက်ပုံစားသောက်နည်းကို အနည်းငယ်လိုက်ပြီး ပြောင်းလဲဖို့တော့ လိုအပ်ပါလိမ့်မယ်။ 

လေးထောင့်ပုံစံခန္ဓာကိုယ်အချိုးအစား

ဒီခန္ဓာကိုယ်အချိုးအစားပိုင်ရှင်တွေဟာ ခန္ဓာကိုယ်သေးငယ်ပြီး တင်သားသေးပြီး ခါးကောက်ကြောင်းသိပ်မပေါ်တတ်တဲ့ ခန္ဓာကို်ယ်ပိုင်ရှင်တွေပဲဖြစ်ပါတယ်။ ဒီခန္ဓာကို်ယ်ပိုင်ရှင်တွေဟာ ၀ိတ်တက်တာနည်းပြီး ပိန်ပါးတဲ့သူတွေဖြစ်တာကြောင့် အချိုးအစားမှန်အောင် အစားလျှော့စားစရာမလိုပါဘူး။ ဒါပေမယ့်လဲ အာဟာရမဖြစ်တဲ့အစားအသောက်တွေစုနေမယ့် ခန္ဓာကိုယ်ထက်စာရင် အသီးအရွက်၊ ပရိုတိန်းနဲ့ ဗိုက်တာမင်ပြည့်ဝတဲ့အစားအစာတွေ သတိထားရွေးချယ်စားသောက်သင့်ပါတယ်။ ၀ိတ်တက်မလွယ်ဘူးဆိုတိုင်း အချိုနဲ့ အသင့်စားအဆီများအစာတွေရှောင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာနဲ့ လေ့ကျင့်ခန်းလုပ်ပေးရင်တော့ သိသာတဲ့အပြောင်းအလဲကိုခံစားရမှာဖြစ်ပါတယ်။

ပန်းသီးပုံစံခန္ဓာကိုယ်အချိုးအစား

ဒီအချိုးအစားပိုင်ရှင်တွေဟာ ခန္ဓာကိုယ်အလယ်လောက်မှာ ၀ိတ်တက်မြန်တက်ပါတယ်။ ဒီအချိုးအစားအတွက် အကောင်းဆုံးအကြံကတော့ ပမာဏနည်းနည်းနဲ့ မကြာခဏစားပေးဖို့ပါ။ အစားအသောက်ပမာဏကိုလုံးဝလျှော့ချလိုက်ပြီး မကြာခဏစားပေးနိုင်မယ်ဆိုရင် ၀ိတ်ထိန်းသလိုဖြစ်နိုင်ပါတယ်။ ဒီလိုအချိုးအစားအတွက် အသင့်တော်ဆုံးအစားအစာတွေကတော့ ဖိုက်ဘာများများပါဝင်တဲ့အစားအစာ၊ အသီးအနှံ၊ အရွက်နဲ့ ဗိုက်တာမင် စီ ပါဝင်တဲ့အစားအစာတွေရွေးချယ်စားသောက်သင့်ပါတယ်။ သကြားမပါတဲ့ ဒိန်ချဉ်ကိုသောက်သုံးတာကလည်း ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒီအချိုးအစားဟာ ၀ိတ်တက်လွယ်လို့ အဆီများအစားအစာတွေ သတိထားရှောင်သင့်ပါတယ်။

သစ်တော်သီးပုံစံခန္ဓာကိုယ်အချိုးအစား

ဒီအချိုးအစားပိုင်ရှင်တွေကတော့ တင်သားနဲ့ ပေါင်တံတစ်လျှောက်ကြီးပြီး အဆီတက်တတ်တဲ့ ပုံစံမျိုးပါပဲ။ သူတို့အတွက်အကောင်းဆုံးအစားအစာတွေကတော့ ငါးရယ်၊ ပရိုတိန်းများများပါဝင်တဲ့အသား၊ အဆီနည်းတဲ့အသားတို့ပါပဲ။ ဖရဲသီးနဲ့ နာနတ်သီးလို ခန္ဓာကိုယ်က အဆိပ်အတောက်ဖယ်ရှားပေးတဲ့အသီးမျိုး မကြာခဏစားသင့်ပြီး အငန်ဓာတ်များတဲ့အစားအစာတွေကို အထူးရှောင်ရှားသင့်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းကို မကြာခဏသောက်သုံးဖို့ အကြံပေးပါရစေ။

သဲနာရီပုံစံခန္ဓာကိုယ်အချိုးအစား

ဒီခန္ဓာကိုယ်ပိုင်ရှင်တွေကတော့ အမျိုးသမီးတိုင်းအားကျလိုချင်တဲ့ အချိုးအစားဖြစ်တယ်လို့ ဆိုရပေမယ့် ဒီအချိုးအစားမှာ ကြွက်သားဖွဲ့စည်းမှုထက်စာရငိ အဆီဖွဲ့စည်းမှုက ပိုများနေတတ်ပါတယ်။ ဒါကြောင့်မို့ သွေးတွင်းသကြားဓာတ်မျာယပြီး ကျန်းမာရေးအတွက်မကောင်းပါဘူး။ သူတို့တွေဟာ အစာကိုနည်းနည်းနဲ့အကြိမ်များများစားသင့်ပြီး လတ်ဆတ်တဲ့အသီးအနှံတွေကို စားသုံးပေးသင့်ပြီး ပေါင်မုန့်၊ ခေါက်ဆွဲနဲ့ ထမင်းအရေအတွက်ကိုတော့ လျှော့စားသင့်တဲ့သူတွေဖြစ်ပါတယ်။

Source : Brightside

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။