ဇာတ်လမ်းတွဲမင်းသမီးလေးတစ်ဦးဖြစ်တဲ့ ဆောင်းဝတ်ရည်မေကတော့ အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ရုပ်နဲ့အံဝင်ဂွင်ကျဖြစ်အောင် သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ ဆောင်းဝတ်ရည်မေက ယနေ့အချိန်အထိ ဇာတ်လမ်းတွဲများစွာ ရိုက်ကူးခဲ့ရတာလည်း ဖြစ်ပါတယ်။ မကြာခင်ကမှ ထုတ်လွှင့်ပြသခဲ့တဲ့ "နတ်အလို ဂြိုလ်အမ" ဇာတ်လမ်းတွဲလေးမှာလည်း သူမကပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆောင်းဝတ်ရည်မေ ပါဝင်သရုပ်ဆောင်ထားတဲ့ "နတ်အလို ဂြိုလ်အမ" ရုပ်သံဇာတ်လမ်းတွဲလေးကတော့ မနေ့ကမှ ဇာတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းဝတ်ရည်မေက သူမတို့ရုပ်ရှင်အဖွဲ့သားတွေကို လွမ်းနေမယ့်ပရိသတ်တွေအတွက် အမှတ်တရပုံလေးတွေနဲ့အတူ နှုတက်ဆက်စကားဆိုထားပါတယ်။ ဆောင်းဝတ်ရည်မေက ဒီဇာတ်လမ်းတွဲလေးရဲ့နောက်ကွယ်က ပျော်ရွှင်စရာ ပုံရိပ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။

ဆောင်းဝတ်ရည်မေက " အားလုံးကိုလွမ်းနေပေးကြပါ.... နတ်အလိုဂြိုဟ်အမ တစ်ဖွဲ့လုံးကိုပေါ့ Tag မတွဲတော့ဘူးနော် " ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မေနဲ့အတူ ယွန်းရွှေရည်၊ မျိုးမျိုးခိုင်၊ ဖိုက်စတားအဖွဲ့စတဲ့ အနုပညာရှင်များစွာက ဒီဇာတ်လမ်းတွဲလေးမှာပါဝင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နတ်အလိုဂြိုလ်အမ ဇာတ်လမ်းတွဲလေးမှာပါဝင်ခဲ့တဲ့ ဆောင်းဝတ်ရည်မေတို့အနုပညာရှင်တစ်စုရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Hsaung Wutyee May;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။