အိန်ဂျယ်လမုန်ဟာဆိုရင် မော်ဒယ်လ်လောက ကနေ အနုပညာလောကထဲသို့ဝင်ရောက်လာပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားတာပါ..။ သူမဟာဆိုရင် photo shooting နဲ့ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း ရိုက်ကူးလာရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါလက်ခံရိုက်ကူးလာရတဲ့ အထိအောင်မြင်ကျော်ကြားလူကြိုက်များလာတာပါ..။ "လေဆန်ကကြိုး" "Wind Up Dancer" ဆိုတဲ့ ဆန်းသစ်လှပသောအကတွေနဲ့ တီထွင်ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာပါဝင်ခွင့်ရခဲ့ပြီး ဇာတ်ရုပ်ပိုင်နိုင်စွာရိုက်ကူးခဲ့တာကို ပရိသတ်တို့အနေနဲ့ စောင့်မျှော်အားပေးကြည့်ရှုခံစားကြရမှာပါနော်...။

ထိုဇာတ်ကားထဲမှာဆိုရင်တော့ ပရိသတ်အချစ်တော်ဖြစ်တဲ့ဒေါင်းက ခေါင်းဆောင်မင်းသားနေရာကနေပါဝင်သရုပ်ဆောင်ထားပြီး အားဖြည့်ကူညီထားတာပါ..။ ဇာတ်ကားကြီးထဲမှာပါဝင်မယ့် အနုပညာရှင်များဟာဆိုရင်တော့ ဒေါင်း၊ ရန်အောင်၊ ဇင်ဝိုင်း၊ အောင်လေး၊ Leo၊ အိန်ဂျယ်လမုန်၊AliceOng တို့ဖြစ်ကြပြီး အခြားအနုပညာရှင်များစွာကိုလည်း မြင်တွေ့ကြရမှာပါ...။ ဒါရိုက်တာ Myo Myint Swe ကရိုက်ကူးပုံဖော်ထားပြီး JATAKA Film Productionကနေ ဦးစီးထုတ်လုပ်ပေးထာဖြစ်ပါတယ်...။ လူငယ် Street Dancer များရဲ့ အကအလှ အမြူးအကြွများ၊ မြန်မာ့ရိုးရာ အနုပညာရပ်များဖြင့် ပေါင်းစပ်ပုံဖော်ထားသည့် အကရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလို့ဆိုရမှာဖြစ်ပါတယ်..။

အိန်ဂျယ်လမုန်ဟာဆိုရင် social media ကွန်ယက်များဖြစ်ကြတဲ့ facebook စာမျက်နှာနဲ့၊ Instagram တို့ကိုအသုံးပြုပြီး သူမရဲ့ လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတတစ်ခါမှာဆိုရင်လည်း ထိုဇာတ်ကားကြီးရဲ့ Red Carpet show ပွဲသို့ တက်ရောက်ခဲ့တဲ့ အနုပညာရှင်များနဲ့အတူဓာတ်ဖမ်းခဲ့ကြပြီး အမှတ်တရအလှပုံရိပ်တွေကို ထုတ်ဖော်တင်ဆက်ပြသထားတာပါနော်...။ Myanmarload ပရိသတ်ကြီးလည်း အိန်ဂျယ်လမုန်နဲ့ အတူရိုက်ကူးထားတဲ့ အနုပညာမောင်နှမများရဲ့ အလှပုံရိပ်လေးတွေကို ကြည့်ရှုခံစားရင်း ထို" လေဆန်ကကြိုး" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း လာမယ့် မေလ ၉ရက်နေ့မှာ သွားအားပေးလိုက်ကြပါဦးနော်...။

Source Angel Lamung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။