သရုပ်ဆောင်အကယ်ဒမီအဖွားဒေါ်မြတ်မွန်တစ်ယောက် လက်ရှိမှာတော့ အသက် ရှစ်ဆယ်နီးနီးရှိခဲ့ပြီပဲဖြစ်ပါတယ်။ သွားတွေလဲမစုံတော့သလို ဆံပင်တွေလည်း တစ်ခေါင်းလုံး ဖွေးဖွေးဖြူလို့နေပါပြီ။ သို့ပေသော်ညား ဖြူစင်တဲ့အပြုံးလေးတွေကတော့ ယနေ့ထက်တိုင်ချစ်စရာကောင်းနေဆဲ ပါ။ လက်ရှိမှာ ရုံတင်ပြသနေတဲ့ " နို့ဘီလူး " ဇာတ်ကားမှာ တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်ကားကြည့်ရှုသူတိုင်းရဲ့ နှလုံးသားကို တိုက်ရိုက်ထိမှန်စေခဲ့ပါတယ်။ အသက်ကြီးတာတောင် ချစ်စရာကောင်းတဲ့ အဖွားဒေါ်မြတ်မွန်တစ်ယောက် ငယ်စဉ်က ဘယ်လောက်ချောခဲ့ လှခဲ့တယ်ဆိုတာကို ပရိသတ်ကြီးကို နှောင်းတစ်ခေတ်ကပုံရိပ်လေးတွေနဲ့ သက်သေပြချင်ပါတယ်။

အနုပညာအလုပ်တွေကို ရပ်နားလိုက်တာ အသက် 32 နှစ်ကတည်းက ဖြစ်ပြီး ဒါဟာ အဖွားရဲ့ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အဖွားဒေါ်မြတ်မွန်ဟာ အသက်ကြီးပြီး အလှအပတွေမရှိတော့ပေမယ့် အနုပညာသွေးက တော့ ခန္ဓာကိုယ်မှာ အပြည့်အဝစီးဆင်းလို့နေပြီး သရုပ်ဆောင်ချက်တိုင်းဟာလည်း ကြက်သီးထစရာကောင်းလောက်အောင်ကို ဆွဲဆောင်လွန်းနေတာမို့ ကြည့်ရှုသူ ပရိသတ်တိုင်း မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရပါတယ်။

အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ တရားသဘောတွေနဲ့ယှဉ်ကြည့်ရင် လက်ရှိမှာရှိနေတဲ့ လှပမှုအဆင်းရူပကာတွေဟာလည်း တစ်နေ့တစ်ချိန်မှာ ပျက်သုန်းရမယ်ဆိုတဲ့ မမြဲခြင်းသဘောတရားတွေကို အဖွားဒေါ်မြတ်မွန်ရဲ့ ငယ်စဉ်ကပုံရိပ်နဲ့ လက်ရှိပုံရိပ်လေး တွေကိုကြည့်ပြီး မှတ်ယူနိုင်ပါရဲ့ ပရိသတ်ကြီးရေ။ လူလှဖို့ထက် စိတ်လှဖို့အရေးကြီး တယ်ဆိုတဲ့ စကားလေးအတိုင်း အသက်အရွယ်ကြီးရင့်လို့ လှပမှုတွေမရှိတော့ပေမယ့် ဖြူဖြူစင်စင်ပြုံးနေတဲ့ အဖွားရဲ့ပုံရိပ်လေးတွေကတော့ ကြည့်ရှုသူတိုင်းကို ရင်အေးချမ်းစေတာ အသေအချာပါပဲ။

Photo - Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။