ကလေးမြို့တွင် နေ့လည် ၂ နာရီကျော်အချိန်တွင် ရာသီဥတုရုတ်တရက်ဆိုးရွားလာပြီး လေပြင်းများတိုက်ခတ်ပြီး မိုးများလည်းရွာကျလာသောကြောင့် သစ်ပင်များလည်းလဲကျခဲ့ခြင်းများ အမြစ်မှကျွတ်ထွက်ခြင်းများ ရေစင်ကြီးမျာပြိုကျခြင်းများဖြစ်ပွားခဲ့ကြောင်းသိရပါသည်
ခရိုင်လဝကရုံးအတွင်းရှိသက်တမ်းရှည် ယူကလစ်ပင်ကြီးလဲကျပြီး လျှပ်စစ်ဓာတ်ကြိုးပေါ်ကျသဖြင့် ဓာတ်တိုင်များပါလဲကျ ဓာတ်ကြိုးများလည်းပြတ်တောက်ခဲ့ရပါသည် ဆေးရုံအတွင်းရှိယာယီစက်ဘီးစတန်းခေါင်မိုးများလည်းပြိုကျပျက်စီးခဲ့ပါသည်
မြန်မာ့လေကြောင်းလေဆိပ်အဆောက်အဦးတွင် ခေါင်မိုးများပြင်ဆင်ရန်ခွာချထားချိန်ဖြစ်သောကြောင့် ဒိုင်းများလဲကျပြီး မျက်နှာကျက်ပေါ်လဲကျခဲ့သဖြင့်မျက်နှာကျက်ကျောက်ပြားများလေယာဉ်စောင့်ဆိုင်းနေသောခရီးသည်များထဲမှနိုင်ငံခြားသားခရီးသည်၏ခေါင်းပေါ်ပြုတ်ကျခဲ့ရာ ကံအားလျှော်စွာ ခေါင်းထိခိုက်မှုမဖြစ်ခဲ့သဖြင့် အတော်ခေါင်းမာသောနိုင်ငံခြားသားဟု အဆိုးထဲမှအကောင်းရီစရာဖြစ်ခဲ့ကြပါသည်
ဘုရင်မဆိုင်ရှေ့ရှိ ဘန်ဒါပင်မှာလည်း လမ်းမပေါ်လဲကျခဲ့ပါသည် လမ်းမပေါ်တွင်လည်း သစ်ကိုင်းများအမှိုက်များဖြင့် ပြည့်သွားခဲ့သောကြောင့်စည်ပင်များအလှုပ်ရှုတ်သွားခဲ့ပါသည်
လေပြင်းတိုက်ခတ်ချိန်တွင် ယမန်နေ့ကကွယ်လွန်ခဲ့သောကိုမင်းအောင် နာရေးလိုက်ပို့နေချိန်ဖြစ်သောကြောင့် နာရေးပို့သောကားများမြို့သာရွာထဲတွင်ရာသီဥတုကောင်းချိန်အထိခေတ္တစောင့်ဆိုင်းခဲ့ကြရပြီး မှသာဆက်လက်ပို့ဆောင်ခဲ့ကြရပြီးမြို့သာရွာထဲရှိသစ်ပင်များသစ်ကိုင်းကျိုးကျခြင်းများရှိခဲ့သလို ကံပုလဲသချင်္ိုင်းအတွင်းရှိကုက္ကိုပင်ကြီးများမှ ကိုင်းကြီးများလည်းကျိုးပဲ့ကျခဲ့ပါသည်
လေပြင်းမှာနာရီဝက်ခန့်တိုက်ခဲ့ပြီးမိုးအနည်းငယ်ရွာသွန်းခဲ့ကာ လူအထိအခိုက်မရှိခဲ့ကြောင်းသိရပါသည်
လေတိုက်တာနှင့်စာလျှင် ကံကောင်းခဲ့ပါသည်
Credit - ကလေးမီဒီယာ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။