သြစတေးလျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် သြစတေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင်အင်္ဂလန်တင်းနစ်ကစားသမား ဒန်အီဗန်နှင့်ရော်ဂျာဖက်ဒဲရာတို့ယှဉ်ပြိုင်ကစားကြရာ ရော်ဂျာဖက်ဒဲရာက (၆-၇ ၊ ၆-၇ ၊ ၃-၆ )ရလဒ်ဖြင့်အနိုင်ရရှိကာ တတိယအဆင့်သို့တက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။ ဒန်အီဗန်အနေဖြင့် သြစတေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိထားသူမဟုတ်ပဲ လက်ရည်စစ်ပွဲအောင်မြင်သည့်အတွက် ထိုပြိုင်ပွဲသို့ ယှဉ်ပြိုင်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။  

ရော်ဂျာဖက်ဒဲရာသည် ဒန်အီဗန်ကိုအနိုင်ရရှိခဲ့သော်လည်း လွယ်ကူစွာအနိုင်ရရှိခဲ့ခြင်းမဟုတ်ပဲ ပထမပွဲစဉ်နှင့်ဒုတိယပွဲစဉ်တို့တွင် tie-break ထိကစားခဲ့ရာ tie-break တွင်လည်း ရော်ဂျာဖက်ဒဲရာကခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး တတိယပွဲစဉ်တွင် အမှတ်ပြတ်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် တတိယအဆင့်သို့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ 

Euro Sports သတင်းဌာနမှ တင်းနစ်ကျွမ်းကျင်သုံးသပ်သူအန်နေဘယ်လ်က “ ရော်ဂျာဖက်ဒဲရာက အကောင်းဆုံးကြိုးစားပြီး တတိယအဆင့်ကိုတက်ရောက်သွားတာပါ။ ဒါပင်မဲ့သူ့ရဲ့အခြေနေကိုလေ့လာကြည့်တော့ ကြံ့ခိုင်မှုပိုင်းအားနည်းနေတယ်လို့လေ့လာသုံးသပ်ရပါတယ်။ သူကစားတာကို ကြည့်ရတာအရင်လိုမဟုတ်ပါဘူး။ ဒဏ်ရာပြန်ရသွားမှာကို စိုးရိမ်သည့်အနေဖြင့် ကစားနေတာကိုတွေ့ရပါတယ် " လို့ ပြောကြားခဲ့ကြောင်းသိရသည်။

Source - BBC Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။