ပရိသတ်တွေရဲ့ အားပေးမှုတွေ အများအပြားရရှိထားတဲ့ စိုင်းစိုင်းနဲ့ ဖွေးဖွေးတို့ရဲ့ အချစ်ဟာသ ဇာတ်ကားကြီးဖြစ်တဲ့ ရည်းစားတစ်ဝမ်းကွဲရုပ်ရှင်ဇာတ်ကားကြီးကတော့ အမိုက်စား ဖန်တီးမှုတွေနဲ့ သရုပ်ဆောင်ချက်တွေကိုလည်းတွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ ရုပ်ရှင် trailer မှာတင် ကြည့်ရူသူအများအပြားနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပိုင်သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ပရိသတ်တွေလည်းသိကြတဲ့ အတိုင်း ရုပ်ရှင်ဇာတ်ကားတစ်ကားက ဇာတ်လမ်းဇာတ်အိမ်ကောင်းရုံနဲ့ မပြီးသေးပါဘူး ဇာတ်ဝင်တေးသီချင်းတွေကလည်း ဇာတ်လမ်းရဲ့ ရုပ်လုံးကိုပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။ ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်တဲ့ ဇာတ်ဝင်တေး တစ်ပုဒ်ဖြစ်တဲ့ ပိုးမီရဲ့ တေးသီချင်း ကလည်း ပရိသတ်တွေကြားမှာ ယခင်ကတည်းက လူကြိုက်များခဲ့တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

ယခုနောက်ထပ် ရည်းစားတစ်ဝမ်းကွဲ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ " မင်းကို မချစ်သင့်ဘူး " ဆိုတဲ့ တေးသီချင်း လေးကို အသံအေးအေးနဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ Daniel Saw က ခံစားချက်အပြည့်နဲ့ သီဆိုထားတာကို ပရိသတ်တွေ နားဆင်ခံစားနိုင်ဖို့ အတွက် offical တင်ပေးလိုက်ပြီ ဖြစ်ပါတယ်။ သီချင်းအေးလေးတစ်ပုဒ်ဖြစ်ပြီး ဇာတ်ကားလေးနဲ့ အရမ်းကို လိုက်ဖက်တာကြောင့် ပရိသတ်တွေ နားဆင်ကြည့်ပါအုံးနော်...။

Source: Sai Sai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။